Connect with us

Latin America

တက္ကဆက်စ်ပြည်နယ်ရှိ ဂျူးဘုရားကျောင်းတွင် ဖမ်းဆီးခံထားရသော ဓားစာခံများအားလုံးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ကယ်တင်နိုင်ခဲ့

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်ရှိ Congregation Beth Israel ဂျူးဘုရားကျောင်းတစ်ခုအတွင်း ဖမ်းဆီးခံထားရသော ဓားစာခံများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးဆောင်ရွက်စဉ်(ဓာတ်ပုံ-အင်တာနက်)

ဟူစတန် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် တောင်ပိုင်းဗဟိုဒေသ Colleyville မြို့ရှိ ဂျူးဘုရားရှိခိုးကျောင်းတစ်ခု၌ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက အချိန်တစ်နာရီကျော်ကြာ ဖမ်းဆီးခံခဲ့ရသည့် ဓားစာခံများအားလုံးကို အသက်အန္တရာယ်ဘေးကင်းလုံခြုံစွာဖြင့် ကယ်တင်နိုင်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ယင်းသတင်းကို ဒေသစံတော်ချိန် ည ၁၀ နာရီ မထိုခင်းလေးမှာပင် Colleyville မြို့ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ ဓားစာခံဖမ်းဆီးခဲ့သော သံသယတရားခံမှာ သေဆုံးသွားပြီဖြစ်ကြောင်း Colleyville ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ တရားခံက ဘုရားရှိခိုးကျောင်းအတွင်း နေရာများစွာတွင် ဗုံးများထောင်ထားသည်ဟု ပြောဆိုခဲ့ကြောင်း သတင်းမီဒီယာများစွာက ဖော်ပြခဲ့သည်။

ကယ်ဆယ်ရေးမလုပ်ဆောင်မီ မိနစ်ပိုင်းအလိုတွင် ဘုရားရှိခိုးကျောင်းအနီးပတ်ဝန်းကျင်၌ ကျယ်လောင်သောအသံတစ်ခုကို ကြားခဲ့ရကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိနေသည့် ဆင်ဟွာသတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယင်းကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည့်အသံမှာ မည်သည့်အသံဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ချက်ချင်း မသိရပေ။
Fort Worth မြို့အပြင်ဘက် Colleyville မြို့ရှိ Congregation Beth Israel ဂျူးဘုရားရှိခိုးကျောင်း၌ အစောပိုင်းက ဓားစာခံအဖြစ် ဖမ်ဆီးခံရသူများထဲတွင် ဘုရားကျောင်းတရားဟောဆရာတစ်ဦးအပါအဝင် အနည်းဆုံး လူ ၄ ဦးမှာ ပါဝင်ကြောင်း သိရသည်။ ဓားစာခံများထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း နှင့် ၎င်းတို့အနက် တစ်ဦးကို ယင်းနေ့ ညနေစောစောပိုင်းကတည်းက လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဓားစာခံဖမ်းဆီးခဲ့သူ သံသယတရားခံက အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်အရာရှိများအား သတ်ဖြတ်ရန်ကြံစည်မှုဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ထောင်ဒဏ် ၈၆ နှစ်ချမှတ်ခံရသည့် Aafia Siddiqui ဆိုသူအား လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း နှင့် Siddiqui သည် လက်ရှိတွင် Fort Worth မြို့ရှိ ဖက်ဒရယ်အကျဉ်းထောင်တစ်ခု၌ ထောင်ဒဏ်ကျခံနေရကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

ဓားစာခံဖမ်းဆီးမှုအခြေအနေနှင့်ပတ်သက်၍ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ထံ အကျဉ်းချုပ်တင်ပြခဲ့ကြောင်း
အမေရိကန်သမ္မတအိမ်ဖြူတော် ပြန်ကြားရေးမှူး Jen Psaki က ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။ (Xinhua)

……………………………………
(English Version)
All synagogue hostages “out alive and safe” in U.S. Texas

HOUSTON, Jan. 15 (Xinhua) — All hostages “are out alive and safe” after an hours-long standoff ended on Saturday night at a synagogue in Colleyville, south central U.S. state Texas, Governor Greg Abbott tweeted.
Colleyville police confirmed the information just before 10 p.m. local time (0400 GMT on Sunday).
The suspected hostage taker is dead, according to Colleyville Police. Multiple media outlets reported that the suspect claimed to have set bombs in several locations inside the synagogue.
A bang was heard near the synagogue shortly before the rescue, according to a Xinhua reporter on the scene. It wasn’t immediately clear what the noise was.
At least four hostages, including a rabbi, were taken earlier on Saturday at Congregation Beth Israel in Colleyville, just outside Fort Worth. No injuries were reported among the hostages, one of whom was released earlier in the evening.
The hostage taker required the release of Aafia Siddiqui, who was sentenced in 2010 to 86 years in prison for the attempted murder and assault of U.S. officers in Afghanistan, and is incarcerated in the federal prison in Fort Worth, local media reported.
White House Press Secretary Jen Psaki tweeted on Saturday evening that President Joe Biden was briefed on the hostage situation. Enditem

Photo- Law-enforcement personnel near Congregation Beth Israel before the hostages were freed.