Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ၏ ကောင်းမွန်သောအခြေအနေကို တဖြည်းဖြည်းလှိုက်စားသော မည်သည့် ဗိုင်းရပ်စ်မဆို အမြစ်ပြတ်ချေမှုန်းရမည်ဟု ရှီ ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်၌ ယနေ့ ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် သမ္မတရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ပါတီ၏ ကောင်းမွန်သော အခြေအနေကို တဖြည်းဖြည်းလှိုက်စားသော မည်သည့်ဗိုင်းရပ်စ်မျိုးကိုမဆို အမြစ်ပြတ်ချေမှုန်းသွားရန်လိုအပ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC )အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ နှင့် သမ္မတလည်းဖြစ်သူ ရှီက တရုတ်ကွန်မြူနစ်ပါတီ (CPC) နှစ်၁၀၀ပြည့်အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတက်ရောက်မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပါတီ စီမံခန့်ခွဲမှု တိုးတက်အောင်ဆောင်ရွက်ခြင်း ၊ ဂုဏ်သိက္ခာမြင့်တက်အောင် ထိန်းသိမ်းခြင်း နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ခြင်းတို့ကို ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

———————————–
(English Version)
Xi stresses rooting out “any viruses that would erode CPC’s health”
BEIJING, July 1 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on Thursday stressed the need to root out any viruses that would erode the Party’s health.
Xi, also Chinese president and chairman of the Central Military Commission, made the remarks in his speech at a ceremony marking the centenary of the CPC.
Xi said the CPC must remain committed to improving Party conduct, upholding integrity, and combating corruption. Enditem