Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၌ တိဘက် ငြိမ်းချမ်းစွာလွတ်မြောက်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားကျင်းပ

လာဆာ ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ယနေ့ ဩဂုတ် ၁၉ ရက်တွင် ကျရောက်သော တိဘက်ငြိမ်းချမ်းစွာလွတ်မြောက်ခြင်း နှစ် ၇၀ ပြည့် (70th anniversary of Tibet’s peaceful liberation)
အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကို တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် လာဆာမြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အခင်းအနားအစတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အလံကို တိုင်ထိပ်သို့ လွှင့်ထူခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများက တရုတ်နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၊ တရုတ်နိုင်ငံတော်ကောင်စီ ၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အမျိုးသားကော်မတီ နှင့် တရုတ်ဗဟိုစစ်ကော်မရှင်တို့ မှ အသီးသီး ပေးပို့လာသော ဂုဏ်ပြု သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ အမြဲတမ်းကော်မတီဝင် နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဝမ်းယန် (Wang Yang) က ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဂုဏ်ပြုကမ္ဗည်းမော်ကွန်းကျောက်ပြားရေးထိုးခြင်းနှင့်အောင်လအောင်လံတံခွန်လွှင့်ထူခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ဝမ်းယန်သည် ယင်းအခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့ကြောင်းလည်း သိရသည်။(Xinhua)

————————————————–
(English Version)

China holds celebration of 70th anniversary of Tibet’s peaceful liberation

LHASA, Aug. 19 (Xinhua) — China on Thursday held a grand gathering to celebrate the 70th anniversary of the peaceful liberation of Tibet.
The event was held in Lhasa, capital of the Tibet Autonomous Region.

The national flag of the People’s Republic of China was raised at the beginning of the celebration. People sang the national anthem.
A congratulatory message from the Communist Party of China (CPC) Central Committee, the Standing Committee of the National People’s Congress, the State Council, the National Committee of the Chinese People’s Political Consultative Conference (CPPCC) and the Central Military Commission was read.

Wang Yang, a member of the Standing Committee of the Political Bureau of the CPC Central Committee and chairman of the CPPCC National Committee, attended the gathering and presented congratulatory plaques and banners.
Wang also addressed the event. Enditem