Connect with us

Economy

တရုတ်နိုင်ငံ၏ပုံသေပိုင်ပစ္စည်းရင်းနှီးမြှုပ်နှံမှု (၈)လကြာကာလအတွင်း (၈.၉)ရာခိုင်နှုန်းမြင့်တက်လာ

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု(FAI)သည် ယခုနှစ် ပထမ(၈)လကြာကာလတွင် လွန်ခဲ့သည့်နှစ်ကာလတူများထက် (၈.၉)ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို(NBS)၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု(FAI) ပမာဏသည် တရုတ်ယွမ်ငွေ (၃၄.၆၉)ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၅.၃၈ ထရီလီယံခန့်)ရှိကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို(NBS)၏ ကိန်းဂဏန်းများအရ သိရသည်။ ၎င်းမှာ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက (၈.၂)ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ပြီး ယခု(၂)နှစ်အတွင်း ယင်းကာလတွင် ပျမ်းမျှ(၄)ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းကျန့်ပြည်နယ် မြို့တော် ဟန်ကျိုးရှိ ဟန်ကျိုးအနောက်ဘက်ရထားဘူတာကြီးဆောက်လုပ်မှုများအား ၂၀၂၁ ခုနှစ် မတ် ၁၂ ရက်က‌ တွေ့ရစဉ်(ဆင်ဟွာ)

ပထမ(၈)လကြာကာလအတွင်း ပုဂ္ဂလိကဏ္ဍများ၏ရင်းနှီးမြှုပ်နှံမှုသည် တရုတ်ယွမ်ငွေ(၁၉.၈၆)ထရီလီယံရှိပြီး ပြီးခဲ့သည့်ကာလတူထက် (၁၁.၅)ရာခိုင်နှုန်းမြင့်တက်လာကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို(NBS) ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

Fuxing ကျည်ဆန်ရထားကြီးသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လာဆာ-လျင်ကျီရထားလမ်းပေါ်တွင် ခုတ်မောင်းနေသည်ကို ၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လစဉ်အလိုက် ပုံသေပိုင်ပစ္စည်း ရင်းနှီးမြုပ်နှံမှု(FAI)သည် ဩဂုတ်လတွင် (၀.၁၆) ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု(FAI)တွင် အခြေခံအဆောက်အအုံ၊ ဓနဥစ္စာပိုင်ဆိုင်မှု၊ စက်ပစ္စည်းနှင့် အခြား ရုပ်ပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည်။ (Xinhua)

———————————————-
(English Version)

China’s fixed-asset investment up 8.9 pct in Jan.-Aug.

Aerial photo taken on Oct. 27, 2019 shows a long-span bridge on the Sichuan-Tibet Highway in Tangmai, southwest China’s Tibet Autonomous Region. (Xinhua/Sun Fei)
Aerial photo taken on March 12, 2021 shows the construction site of Hangzhou West Railway Station in Hangzhou, capital of east China’s Zhejiang Province. (Xinhua/Huang Zongzhi)
A Fuxing bullet train runs on the Lhasa-Nyingchi railway in Nyingchi, southwest China’s Tibet Autonomous Region, June 16, 2021.
(Xinhua/Chogo)

BEIJING, Sept. 15 (Xinhua) — China’s fixed-asset investment (FAI) went up 8.9 percent year on year in the first eight months of this year, data from the National Bureau of Statistics (NBS) showed Wednesday.

During the January-August period, the FAI amounted to over 34.69 trillion yuan (about 5.38 trillion U.S. dollars), according to the NBS.
Compared with the 2019 level, the FAI growth came in at 8.2 percent for the period. The average January-August growth rate in the recent two years stood at 4 percent.
Investment by the private sectors rose 11.5 percent year on year to 19.86 trillion yuan in the first eight months, NBS data showed.
On a month-on-month basis, FAI gained 0.16 percent in August.
The FAI includes capital spent on infrastructure, property, machinery and other physical assets. ■