Connect with us

China

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်က ဂြိုဟ်နီကြီးပေါ်တွင် မီတာ ၈၀၀ ကျော် ခရီးနှင်လျက်ရှိ

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong အား ဂြိုဟ်ပေါ်ဆင်းသက်သော ပလက်ဖောင်းနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong သည် ဩဂုတ် ၆ ရက်အထိ ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်) မျက်နှာပြင်ပေါ်တွင် မီတာ ၈၀၀ ကျော် ခရီးနှင်လျက်ရှိကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန၏ လကမ္ဘာ စူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာအရ သိရသည်။

Zhurong အာကာသယာဉ်သည် ကျောက်တုံးများ၊ ချိုင့်များနှင့် သဲခုံများဖြင့် ပြည့်နှက်နေသော ရှုပ်ထွေးသည့် မြေပြင်အခြေအနေတွင် ဖြတ်ကျော်မောင်းနှင်လျက်ရှိပြီး ယာဉ်ပေါ်ရှိ အနောက်ကင်မရာက ကျောက်တုံးများအကြား ဖြတ်သန်းကာ ရွေ့လျားသွားနေသည့် အာကာသယာဉ်၏ ဓာတ်ပုံကို ရိုက်ယူထားခဲ့ကြောင်း သိရသည်။

အဆိုပါ အာကာသယာဉ်သည် ၂၀၂၁ ခုနှစ် ဩဂုတ် ၆ ရက်အထိ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်တွင် အင်္ဂါဂြိုဟ်သက် ရက်ပေါင်း ၈၂ ရက် အလုပ်လုပ်ကိုင်လျက်ရှိပြီး ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်သည်လည်း ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ရက်ပေါင်း ၃၇၉ ရက်ရှိနေပြီဖြစ်ကြောင်း၊ ၎င်းယာဉ်နှစ်ခုလုံးမှာ အခြေအနေကောင်းမွန်လျက်ရှိကြောင်းနှင့် သင့်တင့်စွာ လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အင်္ဂါဂြိုဟ်ပေါ်ရှိ ရက်တစ်ရက်မှာ ခန့်မှန်းခြေအားဖြင့် ကမ္ဘာပေါ်ရှိ အချိန်တစ်ရက်ထက် မိနစ် ၄၀ ပိုမိုကြာမြင့်သည်။ (Xinhua)
————————————
(English Version)
China’s Mars rover travels over 800 meters on red planet
Source: Xinhua| 2021-08-06 14:19:26|Editor: huaxia
BEIJING, Aug. 6 (Xinhua) — China’s Mars rover Zhurong has traveled more than 800 meters on the surface of the red planet as of Friday, according to the Lunar Exploration and Space Program Center of the China National Space Administration.
Zhurong has been traversing a complex terrain full of rocks, craters and dunes, and its rear hazard-avoidance camera captured a picture of the rover just moving across the rocks.
As of August 6, 2021, the rover has worked on the surface of Mars for 82 Martian days and the orbiter has been in orbit for 379 days. The two are in good condition and functioning properly.
A Martian day is approximately 40 minutes longer than a day on Earth. Enditem
Photo released on June 11, 2021 by the China National Space Administration (CNSA) shows a selfie of China’s first Mars rover Zhurong with the landing platform. (CNSA/Handout via Xinhua)