Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အဓိကလေဆိပ်များအားလုံး၌ ယခုနှစ်ကုန်တွင် ခရီးဆောင်အိတ်များ ခြေရာခံရာ၌ ရေဒီယိုကြိမ်နှုန်းဖြင့်ခွဲခြားဖော်ထုတ်သည့် (RFID) နည်းပညာ အသုံးပြုမည်

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့၊ Baiyun အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စစ်ဆေးမှုခံယူရန် ခရီးသည်များ စောင့်ဆိုင်းနေသည်ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၆ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အဓိကလေဆိပ်များတွင် ခရီးဆောင်အိတ်များ ခြေရာခံရာ၌ ရေဒီယိုကြိမ်နှုန်းဖြင့်ခွဲခြားဖော်ထုတ်သည့် (RFID) နည်းပညာဖြင့် ဂရုတစိုက်ဆောင်ရွက်ပြီး ၎င်းတို့၏ ခရီးဆောင်အိတ်စီမံခန့်ခွဲခြင်း ဝန်ဆောင်မှုစွမ်းရည်မြှင့်တင် သွားမည်ဖြစ်ကြောင်း နိုင်ငံ၏လေကြောင်းအာဏာပိုင်များ၏ အဆိုအရ သိရသည်။နှစ်စဉ် ခရီးသည် ၁၀ သန်းကျော်ဝင်ရောက်သော အဓိက လေဆိပ်များအားလုံး၌ RFID နည်းပညာကို တစ်နှစ်အတွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန (CAAC) မှ သိရသည်။

ယခုနှစ်ဇွန်လမှစ၍ နှစ်စဉ်ခရီးသည် ၁၀ သန်းအထက်ရှိသော အဓိကလေဆိပ် ၂၇ ခုတွင် RFIDနည်းပညာကျင့်သုံးရန်အတည်ပြုခဲ့ပြီးဖြစ် ကြောင်းနှင့် ၎င်းလေဆိပ်များ၌ RFIDနည်းပညာ ကျင့်သုံးမှု အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်လေကြောင်းလိုင်းများစွာတွင် ခရီးသည်များအတွက် ခရီးစဉ်တလျှောက်၎င်းတို့၏ ခရီးဆောင်အိတ်များစစ်ဆေးနိုင်သည့် ဝန်ဆောင်မှုကို ပံ့ပိုးပေးထားကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တရုတ်လေကြောင်းပျံသန်းရေးလုပ်ငန်းသည် ပျံသန်းမှု ခရီးစဉ်ပေါင်း ၃၂,၆၇၇ တွင် ခရီးဆောင်အိတ်ပေါင်း ၇၉၂,၈၀၀ ကျော် အတွက် ခရီးစဉ်တလျှောက်ခြေရာခံစစ်ဆေးသည့် ဝန်ဆောင်မှုအားပံ့ပိုးပေးခဲ့ကြောင်း CCAC ၏ စာရင်းများအရ သိရသည်။ (Xinhua)

———————————————–
(English Version)

All China’s major airports to apply RFID luggage tracking by end of year

BEIJING, Aug. 11 (Xinhua) — China’s major airports will enhance their luggage management service capabilities by intensively applying the radio frequency identification (RFID) technology in luggage tracking, according to the country’s civil aviation authorities.

Within the year, all major airports with annual passenger throughputs exceeding 10 million will apply RFID, according to the Civil Aviation Administration of China (CAAC).

As of June this year, 27 major airports with annual passenger throughputs above the 10-million level had approved and are pushing forward RFID application projects.

Multiple Chinese airlines are capable of providing services through which passengers can check the conditions of their luggage throughout their journey.

From January to June this year, China’s civil aviation industry provided whole-journey luggage tracking services for more than 792,800 pieces of luggage aboard 32,667 flights, according to statistics from the CAAC. Enditem