Connect with us

Social, Education & Health

တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် မြို့လုံးကျွတ် COVID-19 ရောဂါစစ်ဆေးမှုစတင်

ထျန်းကျင်း ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၏ အိမ်နီးချင်းမြူနီစပယ်ဒေသတစ်ခုဖြစ်သည့် နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ လူ ၂၀ ဦးထံတွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မြို့လုံးကျွတ် နျူကလိစ်အက်စစ်စစ်ဆေးမှု စတင်ရန် ဆုံးဖြတ်လိုက်ကြောင်း အာဏာပိုင်များက ယနေ့ ဇန်နဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။အဆိုပါ ရောဂါကူးစက်မှုများ သတင်းပေးပို့ချက်ကို Jinnan ခရိုင်တွင် ဇန်နဝါရီ ၈ ရက် ည ၆ နာရီမှ ၉ နာရီအတွင်း လက်ခံရရှိခဲ့ပြီး VOC/ အိုမီခရွန် မျိုးဗီဇသစ်နှင့်အတူ ပထမဆုံး ပြည်တွင်းကူးစက်လူနာနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း COVID-19 ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဆိုင်ရာ မြူနီစပယ်ဗဟိုဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။

အခြားရောဂါကူးစက်ခံရသူ ၁၈ ဦးသည် ပထမဆုံး ကူးစက်လူနာနှစ်ဦး စတင်တွေ့ရှိရာ နေ့ကလေးထိန်းကျောင်း နှင့် မူလတန်းကျောင်းတို့နှင့် ဆက်နွယ်မှုရှိသည့် အဓိကအားဖြင့် ကျောင်းသားကျောင်းသူများ နှင့် ၎င်းတို့၏ မိသားစုဝင်များဖြစ်ကြကြောင်း မြူနီစပယ်ကျန်းမာရေးကော်မရှင်ညွှန်ကြားရေးမှူး Gu Qing က ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

နောက်ဆုံးအကြိမ် ရောဂါပြန်လည်ဖြစ်ပွားမှုတွင် ဗိုင်းရပ်စ်သည် အနည်းဆုံးမျိုးဆက်သုံးခုအထိ ကူးစက်ပျံ့နှံ့ထားပြီးဖြစ်ကြောင်း နှင့် နောက်ထပ် ကူးစက်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း ထျန်းကျင်းမြို့တော် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Zhang Ying က ဆိုသည်။ မြို့တွင်းရောဂါကူးစက်မှုသည် ပြည်ပမှ ကူးစက်ဝင်ရောက်လာခဲ့သည့် အိုမီခရွန်မျိုးဗီဇ နှင့် ဆက်နွယ်မှုရှိ မရှိဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မြို့လုံးကျွတ် နျူးကလိစ်စစ်ဆေးမှုကို ခရိုင်လေးခုတွင် ယနေ့ ဇန်နဝါရီ ၉ ရက် နံနက် ၇ နာရီမှ စတင်ပြီး အခြား ခရိုင် ၁၂ ခုတွင် ဇန်နဝါရီ ၁၀ ရက် နံနက် ၇ နာရီမှ စတင်ကာ အချိန် ၂၄ နာရီအတွင်း ပြီးစီးရန် မျှော်လင့်ထားကြောင်း ၊ ဒေသခံများအနေဖြင့် ရောဂါကင်းရှင်းကြောင်း (negative ) ရလဒ် မထွက်ပေါ်လာမခြင်း အစိမ်းရောင်ကျန်းမာရေးကတ်တစ်ခုကို လက်ခံရရှိမည်မဟုတ်ကြောင်း ဗဟိုဌာနများ၏ ပြောကြားချက်အရ သိရသည်။(Xinhua)

——————————————————
(English Version)

China’s Tianjin starts citywide COVID-19 testing

TIANJIN, Jan. 9 (Xinhua) — North China’s Tianjin, a municipality that neighbors Beijing, has decided to start a citywide nucleic acid testing after 20 people tested positive for COVID-19, authorities said Sunday.

The infections were reported from 6 p.m. Friday to 9 p.m. Saturday in Jinnan District, and the gene sequencing found the first two locally transmitted confirmed cases were infected with the VOC/Omicron variant, according to the municipal headquarters for COVID-19 prevention and control.

The other 18 infections are mainly students and their family members related to a daycare center and a primary school where the first two cases were from, Gu Qing, director of the municipal health commission, said at a press conference late Saturday.

The virus has spread for at least three generations in the latest resurgence, and more cases may emerge, said Zhang Ying, deputy director of the city’s center for disease control and prevention.

It is not confirmed yet whether the infections are related to the imported case of Omicron variant infection in the city.
The citywide nucleic acid testing is expected to be completed in 24 hours in four districts from 7 a.m. Sunday and in 12 other districts from 7 a.m. Monday, and residents will not be given a green health code until receiving a negative test result, the headquarters said. Enditem

Photo – In this aerial photo taken on Nov. 21, 2020, residents line up waiting to take nucleic acid tests in the Binhai New Area in north China’s Tianjin Municipality. (Xinhua/Zhao Zishuo)