Connect with us

Europe

အီရန်နိုင်ငံက ဆိုလီမန်နီလုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံသား ၅၁ ဦးအား အမည်ပျက်စာရင်းသွင်း

တီဟီရန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်ဗိုလ်ချုပ်ကြီးဟောင်း ကွီဆမ်ဆိုလီမန်နီအား လုပ်ကြံသတ်ဖြတ်မှုဖြင့် အမေရိကန်နိုင်ငံသား ၅၁ ဦးအား ၎င်းတို့၏ အခန်းကဏ္ဍများအတွက် ဇန်နဝါရီ ၈ ရက်တွင် အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း သိရသည်။ကြေညာချက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ Mark Milley နှင့် အမျိုးသား လုံခြုံရေးအကြံပေးဟောင်း Robert O’Brien တို့ကဲ့သို့သော အမေရိကန်လူပုဂ္ဂိုလ်များအား အရေးယူခဲ့သည့် စာရင်းအသစ်သည် ဒေသအတွင်း အမေရိကန်နိုင်ငံ၏ ကိုယ်ကျိုးရှာအရဲစွန့်သော အကြမ်းဖက်သည့် လုပ်ရပ်များ နှင့် လူအခွင့်အရေး ချိုးဖောက်ခြင်းတို့ကို တိုက်ဖျက်ရန် အီရန်နိုင်ငံ၏ ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ဆောင်မှုဖြစ်ကြောင်း ဖော်ပြထားသည်။

အီရန်နိုင်ငံ Kerman မြို့ရှိ ဆိုလီမန်နီ၏ အုတ်ဂူအနီးတွင် အီရန်နိုင်ငံသားများအား ဇန်နဝါရီ ၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အီရန်ဗိုလ်ချုပ်ကြီးဟောင်း ကွီဆမ်ဆိုလီမန်နီအား လုပ်ကြံသတ်ဖြတ်မှုကြောင့် ဒဏ်ခတ်အရေးယူခဲ့သည့် ဖော်ပြပါ ပုဂ္ဂိုလ်များသည် ဆုံးဖြတ်ချက်ချခြင်း ၊ စီစဉ်ခြင်း ၊ ငွေကြေးထောက်ပံမှုတို့တွင် ပါဝင်ခဲ့ကြပြီး အကြမ်းဖက်လုပ်ရပ်အား လုပ်ဆောင်ခြင်း သို့မဟုတ် စံတင်လောက်သော အကြမ်းဖက်တိုက်ခိုက်မှုကဲ့သို့ ထောက်ပံ့ခြင်းမှတစ်ဆင့် နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးအား ခြိမ်းခြောက်မှု တစ်ခုဖြစ်ရာ ယခုကဲ့သို့အမည်ပျက်စာရင်းသွင်းခြင်းသည် အကြမ်းဖက်ဝါဒကို တစ်နည်းအားဖြင့် တရားမျှတမှု ရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အီရန်နိုင်ငံ တီဟီရန်မြို့၌ အီရန်ဗိုလ်ချုပ်ကြီး ကွီဆမ်ဆိုလီမန်နီ၏ ၂ နှစ်ပြည့် အာဇာနည်နေ့နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားသို့ ရောက်ရှိလာသော အီရန်နိုင်ငံသားများအား ဇန်နဝါရီ ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အခြားသူများအနက် အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရန့် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းမိုက်ပွမ်ပီယိုတို့အား တူညီသည့်အကြောင်းပြချက်ဖြင့် အရေးယူရန် ယခင်က စာရင်းသွင်းခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ခြင်းအားဖြင့် အမေရိကန်နိုင်ငံအစိုးရသည် အထူးသဖြင့် အကြမ်းဖက်လုပ်ရပ်များ စည်းရုံးစီစဉ်ခြင်းမှ ရှောင်ကြဉ်ခြင်း ၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တုန့်ပြန်ခြင်း နှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနယ်ပယ်တို့တွင် ၎င်းတို့၏ နိုင်ငံတကာတာဝန်ဝတ္တရားများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့ကြောင်း ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။

အီရတ်နိုင်ငံဘဂ္ဂဒတ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်တွင် ယခင် အီရန်နိုင်ငံတော်လှန်ရေးအစောင့်တပ်ဖွဲ့တပ်မှူးကြီးဗိုလ်ချုပ်ကြီး ဆိုလီမန်နီ နှင့် အခြားသော စစ်ဘက်ဆိုင်ရာတပ်မှူးများ လိုက်ပါလာသည့် တပ်အစောင့်အရှောက်ပါသောယာဉ်တန်းတစ်ခုအား အမေရိကန်၏ မောင်းသူမဲ့ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

အီရန်နိုင်ငံ သမ္မတ Ebrahim Raisi က ဇန်နဝါရီ ၃ ရက်၌ ကျရောက်သော ဆိုလီမန်နီ သေဆုံးခြင်း ၂ နှစ်ပြည့် အာဇာနည်နေ့နှစ်ပတ်လည်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် ထရန့် နှင့် မိုက်ပွမ်ပီယိုတို့သည် မျှတသောနည်းလမ်းတစ်ခုဖြင့် ၎င်းတို့၏ အပြစ်ရှိသောလှုပ်ရှားဆောင်ရွက်မှုအတွက် တရားစွဲဆိုခံရမည်ဖြစ်ကြောင်း နှင့် အပြစ်ရှိသည့်လုပ်ရပ်တွင် နောက်ကွယ်က ပါဝင်သူ နှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူခြင်းမရှိပါက အီရန်နိုင်ငံ၏ လက်စားချေမှုမှာ ပြီးမြောက်အုံးမည်မဟုတ်ကြောင်း သတိပေးခဲ့သည်။ (Xinhua)

——————————————————
(English Version)

Iran blacklists 51 Americans over assassination of Soleimani

TEHRAN, Jan. 8 (Xinhua) — Iran’s Foreign Ministry on Saturday blacklisted 51 more U.S. individuals for their “roles” in the assassination of former Iranian military commander Qassem Soleimani.

In a statement, the ministry said the new list of sanctioned U.S. individuals, such as Chairman of the Joint Chiefs of Staff Mark Milley and former National Security Advisor Robert O’Brien, is in line with implementing Iran’s law on “combating human rights violations and the adventurous and terrorist acts of the United States in the region.”

“The designated persons, as the case may be, have taken part in decision-making, organizing, financing, and carrying out the terrorist act or have otherwise justified terrorism which is a threat to the international peace and security through supporting such egregious terrorist attack,” it said.

Former U.S. President Donald Trump and former U.S. Secretary of State Mike Pompeo, among others, were previously listed to be sanctioned for the same reason, according to the statement.

“By committing the terrorist act, the U.S. government has clearly violated its international obligations in the field of countering terrorism and terrorist financing, in particular, refraining from organizing terrorist acts,” it added.

A U.S. drone strike on a convoy killed Soleimani, former commander of the Quds Force of Iran’s Islamic Revolution Guards Corps, along with an Iraqi militia commander near Baghdad International Airport on Jan. 3, 2020.

In a public address here on Monday to mark Soleimani’s second martyrdom anniversary, Iranian President Ebrahim Raisi said that Trump and Pompeo must be “prosecuted for their criminal activity” through a fair mechanism, warning Iran’s revenge in case those involved in and behind the “criminal act” are not punished.
Photo 1 – Iranian people attend a gathering to mark top Iranian General Qassem Soleimani’s second martyrdom anniversary in Tehran, Iran, on Jan. 3, 2022. (Xinhua/Gao Wencheng)
Photo 2 – People are seen near the grave of Qassem Soleimani in Kerman, Iran, on Jan. 2, 2021. (Photo by Ahmad Halabisaz/Xinhua)
Photo 3 – Iranian people attend a gathering to mark top Iranian General Qassem Soleimani’s second martyrdom anniversary in Tehran, Iran, on Jan. 3, 2022. (Xinhua/Gao Wencheng)■