Connect with us

Asia

ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းခြင်း ၊ ဆီးနှင်းကျခြင်း တို့ကြောင့် လူ ၄၀ ကျော် သေဆုံးကာ ၊ လူအများအပြားအား ရွှေ့ပြောင်းပေးထားရ

အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၌ နှစ်သစ်၏ ပထမဆုံး မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် ဆီးနှင်းများ ကျရောက်ခြင်းတို့ကြောင့် သေဆုံးသူပေါင်း ၄၁ ဦး ထိရှိခဲ့ကြောင်း ၊ လူရာပေါင်းများစွာကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး အိမ်ခြေများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။ဇန်နဝါရီ ၇ ရက်မှစ၍ မိုးသည်းစွာရွာသွန်းခြင်း နှင့် အလွန်အမင်းအေးခဲသည့် ရာသီဥတုတို့နှင့် ဆက်စပ်သော အမျိုးမျိုးသော ဖြစ်စဉ်များအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသောအခြားသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Murree မြို့၌ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်သားများအား ဇန်နဝါရီ ၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Murree မြို့၌ ဆီးနှင်းများ ထူထပ်စွာ ကျရောက်ပြီး အပူချိန် ကျဆင်းမှုကြောင့် ခရီးသွားဧည့်သည် ၂၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်များက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

အရပ်ဘက် နှင့် စစ်ဘက် ကယ်ဆယ်ရေးအဖွဲ့များက ရုပ်အလောင်းများအားလုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး Murree မြို့ရှိ စစ်တပ်ထောက်ပံ့ပို့ဆောင်ရေးကျောင်းများသို့ ပြောင်းရွှေ့ခဲ့ကြောင်း Murree ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်များက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Murree မြို့၌ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်သားများအား ဇန်နဝါရီ ၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပြည်ထဲရေးဝန်ကြီး Sheikh Rasheed က ဆီးနှင်းများ ထူထပ်စွာ ကျရောက်ပြီး သစ်ပင်များ လဲကျနေခြင်းကြောင့် လမ်းများပိတ်ဆို့မှု ဖြစ်ပွားပြီးနောက် တောင်ပေါ်အပန်းဖြေမြို့ဖြစ်သည့် Murree မြို့၌ ကားအစီးရေ ၁,၀၀၀ ကျော် ပိတ်မိနေခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များက ဆီးနှင်းများအား ရှင်းလင်းပြီးနောက် လမ်းတစ်ချို့အား ဖွင့်လှစ်ပေးခဲ့ပြီး တောင်ပေါ်စခန်း၌ အရေးပေါ်အခြေအနေကြောင့် မြို့သို့ ဦးတည်သည့် လမ်းများအားလုံးအား ပိတ်ထားခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဖြည့်စွက်ပြောကြားခဲ့သည်။

Murree မြို့တည်ရှိသည့် ပန်ဂျပ်ပြည်နယ်အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် Hassan Khawar က သေဆုံးသူများအားလုံးမှာ ယာဉ်ငါးစီးပေါ်မှ ဖြစ်ကြောင်း နှင့် ၎င်းတို့ သေဆုံးရသည့်အကြောင်းရင်းအတိအကျအား စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အဲဒီယာဉ်တွေက သစ်ပင်တွေ လဲကျထိခိုက်တာ မရှိသလို အခြားမတော်မဆ ဖြစ်စဉ်နဲ့ ကြုံတွေ့ရတာမျိုးလဲ မရှိပါဘူး။ ကြည့်ရတာကတော့ သေဆုံးတဲ့သူအားလုံးက အလွန်အမင်းအေးခဲတဲ့ရာသီဥတုကြောင့် အေးခဲသေဆုံးသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းရင်းအတိအကျကတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

သေဆုံးသူများတွင် Chakwal ခရိုင်အရှေ့ပိုင်းမှ မိသားစုဝင် ၈ ဦး ၊ Mardan ခရိုင်မြောက်ပိုင်းမှ လူငယ်သူငယ်ချင်း ၄ ဦး ၊ အစ္စလာမ်မာဘတ်မြို့မှ မိခင်တစ်ဦး နှင့် ၎င်း၏ ကလေးငယ်နှစ်ဦးတို့ ပါဝင်ကြောင်း သတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းအား အရှိန်အဟုန်အပြည့်ဖြင့် ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများက ဆောင်ရွက်မှုများအားလုံး ဇန်နဝါရီ ၉ ရက်တွင် ပြီးပြည့်စုံမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

——————————————————
(Chinese Version)
Over 40 killed, many displaced as heavy rains, snowfall hit Pakistan

ISLAMABAD, Jan. 9 (Xinhua) — As Pakistan is going through its first spell of heavy rainfall and snow of the new year, the country has reported more than 41 deaths with hundreds of people displaced and many houses damaged, Pakistani officials said on Saturday.

Over 40 people have been killed and dozens of others injured in various incidents related to heavy downpours and extremely cold weather since Friday, Nouman-ul-Haq, an official from the National Disaster Management Authority, told Xinhua.

At least 22 tourists died in freezing temperatures after being stranded in heavy snow in Pakistan’s northern Murree city, police sources said on Saturday.

All the bodies have been recovered by civil and military rescue teams and shifted to Army Schools of Logistics in the city, sources from the Murree police told Xinhua.

Interior Minister Sheikh Rasheed said earlier that over 1,000 vehicles were stuck in the mountain resort city after the blockage of roads by heavy snow and falling trees.

Part of the roads have been opened after clearing of snow by rescue teams, while all the roads leading to the city have been closed in the wake of an emergency in the hill station, the sources added.

Hassan Khawar, spokesman of the government of Punjab province, where Murree is located, told a press conference that all the victims were in five vehicles, and the exact cause of their death was being ascertained.

“Their vehicles were not hit by trees, neither did they meet any other accident. Apparently, all of the victims chilled to death due to extremely cold weather, but the exact causes will be determined by rescue teams,” he said.

According to the sources, the killed include eight of a family from the east Chakwal district, four young friends from north Mardan district, two kids and their mother from Islamabad, among others.

Rescue work was underway in the area at full pace, and the authorities hoped that all operations would be completed by Sunday. Enditem
Photo 1 – Vehicles are stranded in snow in north Pakistan’s Murree on Jan. 8, 2022. As Pakistan is going through its first spell of heavy rainfall and snow of the new year, the country has reported more than 41 deaths with hundreds of people displaced and many houses damaged, Pakistani officials said on Saturday. Over 40 people have been killed and dozens of others injured in various incidents related to heavy downpours and extremely cold weather since Friday, Nouman-ul-Haq, an official from the National Disaster Management Authority, told Xinhua. (Str/Xinhua)

Photo 2 – Photo released by Inter-Services Public Relations (ISPR) shows that Pakistani soldiers carry out rescue work in Murree, northern Pakistan, on Jan. 8, 2022. (ISPR/Handout via Xinhua)
Photo 3 – Photo released by Inter-Services Public Relations (ISPR) shows that Pakistani soldiers carry out rescue work in Murree, northern Pakistan, on Jan. 8, 2022. (ISPR/Handout via Xinhua)