Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၏ ဝါခင်း စိုက်ပျိုးရိတ်သိမ်းခြင်း

ဝူးလူမုချီ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ဝါခင်းလယ်ယာများသည် ယခုလတွင် ရိတ်သိမ်းရန် ‌စောင့်ဆိုင်းနေသည့်ကာလဖြစ်ပြီး စိုက်ပျိုးခြင်း၊ ဆေးဖြန်းခြင်းနှင့်အခြားလုပ်ငန်းဆောင်တာများတွင် အသုံးပြုသည့် နည်းပညာများ၏ ထိရောက်မှုက ပေါ်လွင်လာသည်။ဝါစိုက်ပျိုးသူ Erken Reyimuက ၎င်း၏ ဝါခင် ၃၃ ဟက်တာတွင် မျိုးစေ့ကြဲခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် ဝါရိတ်သိမ်းခြင်းများကို စက်ပစ္စည်းများနှင့်သာ ပြုလုပ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယွိလိခရိုင်တွင် ဝါခင်းပိုင်ရှင် Erken Reyimuအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ဝါခင်း ၁ မိုရဲ့ထွက်နှုန်းက ၄၀၀ ကီလိုဂရမ်ထိရှိတယ်၊ကျွန်တော်ကတော့ ဒီနှစ်ဝင်ငွေ ယွမ် ၁ သန်း (ကန်ဒေါလာ ၁၅၅,၅၀၀ ခန့်)ရမယ်လို့ မှန်းထားတယ်”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယွိလိခရိုင်ရှိ Erken Reyimu၏ ဝါခင်းတွင် ဝါရိတ်သိမ်းနေသည်ကို အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါခင်း၏ဝင်ငွေနှင့် သားအကြီးကို အိမ်တစ်ဆောင်ပေးနိုင်ခဲ့ပြီး သမီးအကြီးကို ကားတစ်စင်းဝယ်ပေးနိုင်ခဲ့ကြောင်း Erken Reyimuက ဆိုသည်။ ယခုနှစ်ကုန်တွင် သားအငယ်အတွက် ကားတစ်စီးဝယ်ပေးဖို့ စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယွိလိခရိုင်ရှိ Erken Reyimu၏ ဝါခင်းတွင် ဝါရိတ်သိမ်းနေသည်ကို အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယွိလိခရိုင်ရှိ Erken Reyimu၏ ဝါခင်းတွင် ဝါရိတ်သိမ်းနေသည်ကို အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှင်းကျန်းဒေသသည် တရုတ်နိုင်ငံ၏ ဝါထုတ်လုပ်မှုဧရိယာအကြီးဆုံးနေရာ ဖြစ်ပြီး ၎င်းဒေသ၏ ဝါထုတ်လုပ်မှုသည် ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၅.၁၆ သန်းရှိရာ တစ်နိုင်ငံလုံး၏ ၈၇.၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)

CHINA-XINJIANG-COTTON-TECHNOLOGY (CN)
2021-10-27 16:23:37
(211027) — URUMQI, Oct. 27, 2021 (Xinhua) —

As vast swathes of blooming cotton in Xinjiang awaits the harvest this month, technology adopted in planting, spraying and other processes have gradually manifested its effect.
Cotton farmer Erken Reyimu said seeding, insecticide spraying and cotton-picking on his 33-hectare cotton field are all done by machines.
“With cotton yield reaching 400 kg per mu, I hopefully can bring home over 1 million yuan (about 155,500 U.S. dollars) this year,” he said with a smile.
Using the income out of his cotton farm, he has bought an apartment for his elder son and a car for his elder daughter. He plans to buy a car for his younger son at the end of this year.
Xinjiang is the largest cotton-growing area in China. The region’s cotton output hit 5.16 million tonnes in 2020, accounting for 87.3 percent of the total in the country. (Xinhua/Zhao Ge)

Photo1- A cotton picker works in the fields of Erken Reyimu in Yuli County, northwest China’s Xinjiang Uygur Autonomous Region, Oct. 24, 2021. (Xinhua/Zhao Ge)

Photo 2 – Erken Reyimu shows newly-picked cotton in his fields in Yuli County, northwest China’s Xinjiang Uygur Autonomous Region, Oct. 15, 2021. (Xinhua/Zhao Ge)

Photo 3 – A cotton picker works in the fields of Erken Reyimu in Yuli County, northwest China’s Xinjiang Uygur Autonomous Region, Oct. 24, 2021. (Xinhua/Zhao Ge)

Photo 4 – A cotton picker works in the fields of Erken Reyimu in Yuli County, northwest China’s Xinjiang Uygur Autonomous Region, Oct. 24, 2021. (Xinhua/Zhao Ge)

Photo 5 – A cotton picker works in the fields of Erken Reyimu in Yuli County, northwest China’s Xinjiang Uygur Autonomous Region, Oct. 24, 2021.