Connect with us

Economy

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထား ပြေးဆွဲ

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးအချက်အချာဖြစ်သည့် ရှန်ဟိုင်းတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ သွားရောက်သည့် ကုန်ရထားဝန်ဆောင်မှုကို အင်္ဂါနေ့တွင် စတင်ခဲ့ရာ ရှန်ဟိုင်း-ဥရောပ နယ်စပ်ဖြတ်ကျော် ပထမဆုံး ရထားဝန်ဆောင်မှုစတင်သည့် အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။
အဝတ်အထည်၊ ကားအပိုပစ္စည်းနှင့် ဆိုလာပြားများတင်ဆောင်ထားသောကွန်တိန်နာ အလုံး (၅၀)ကို တင်ဆောင်ထားသည့် “Shanghai Express”သည် ရက်သတ္တပတ် ၂ ပတ်အတွင်း ကီလိုမီတာ (၁)သောင်းကျော် ရှိသည့် ခရီးမောင်းနှင်၍ ဟမ်းဘတ်မြို့ကို အရောက်သွားမည်ဖြစ်ကြောင်း ရှန်ဟိုင်း အကောက်ခွန်ဌာန၏ ပြောကြားချက်များအရ သိရသည်။

တရုတ်-ဥရောပရထား “Shanghai Express” အား စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါရထားကြီးသည် တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားလာထော်ဆန်းမှတစ်ဆင့် ကာဇက်စတန်၊ ရုရှား၊ ဘီလာရုဇ်၊ ပိုလန် နိုင်ငံများကို ဖြတ်သန်းသွားမည်ဖြစ်သည်။

ယခုနှစ်သည် ရှန်ဟိုင်းနှင့်ဟမ်းဘတ် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတည်ထောင်သည့် ၃၅ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ရာ အနာဂတ်ကာလတွင် ပိုမိုများပြားသည့် ရထားများ ယင်းလမ်းကြောင်း၌ ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ယခုရထားဝန်ဆောင်မှုသည် တရုတ်-ဂျာမနီ ၊ ဥရောပနှင့် လမ်းကြောင်းတစ်လျှောက်နိုင်ငံများအကြား ကုန်သွယ်စီးပွားကူးလူးဖလှယ်ရေးအတွက် ပို၍ အဆင်ပြေလွယ်ကူစေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဟမ်းဘတ်ဆက်သွယ်ရေးရုံးကိုယ်စားလှယ်အကြီးအကဲ ဖန်းဟွာက ဆိုသည်။ (Xinhua)
———————————————
(English Version)

Shanghai launches its first China-Europe freight train

SHANGHAI, Sept. 29 (Xinhua) — China’s economic hub of Shanghai launched a freight-train service to Hamburg, Germany, on Tuesday, marking the first cross-border railway service between Shanghai and Europe.

The “Shanghai Express,” loaded with 50 containers of goods including apparel, auto parts, and solar panels, will travel more than 10,000 km in two weeks before arriving in Hamburg, according to Shanghai Customs.

The train will leave China via the Alataw Pass in the northwestern Xinjiang Uygur Autonomous Region and travel by way of Kazakhstan, Russia, Belarus and Poland.
This year marks the 35th anniversary of the establishment of friendly relations between Shanghai and Hamburg. More trains are expected to operate along the route in the future.
Pan Hua, chief representative of the Hamburg Liaison Office China, said the launch of the train service will facilitate the economic and trade exchanges and cooperation between China and Germany, Europe and other countries along the route. Enditem
图说1:9月28日在启动仪式现场拍摄的“中欧班列-上海号”。新华社记者 丁汀摄