Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ၏ မဟာအောင်မြင်မှု လေးချက်ကို အကျဉ်းချုပ်ဖော်ပြ

တရုတ်နိုင်ငံ ပေကျင်းမြို့တော်၌ ကျင်းပသော CPC နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် အရေးပါသောမိန့်ခွန်းပြောကြားနေသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က နှစ် ၁၀၀ အတွင်း CPC က အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော မဟာအောင်မြင်မှု လေးချက်ကို ယနေ့ ဇူလိုင် ၁ ရက်တွင် အကျဉ်းချုပ်ဖော်ပြခဲ့သည်။

— CPC ပါတီက ခေတ်သစ် ဒီမိုကရေစီ တော်လှန်ရေးတွင် အလျှော့မပေးသောဆုံးဖြတ်ချက်၊ မဟာအောင်မြင်မှုရရှိခြင်းတို့နှင့်အတူ သွေးစွန်းသောတိုက်ပွဲများတွင် တရုတ်ပြည်သူများအား စည်းလုံးကာ ဦးဆောင်လျက်ရှိကြောင်း။

— CPC ပါတီက မိမိကိုယ်ကိုယုံကြည်မှုစိတ်ဓာတ် ခိုင်မာစွာ တည်ဆောက်ရန် ကြိုးပမ်းခြင်းနှင့် ဆိုရှယ်လစ်တော်လှန်ရေးနှင့် တည်ဆောက်ရေးတွင် မဟာအောင်မြင်မှု ရရှိခြင်းတွင် တရုတ်ပြည်သူများအား စည်းလုံးကာ ဦးဆောင်လျက်ရှိကြောင်း။

— CPC ပါတီက စိတ်ဓာတ်လွတ်လပ်ခြင်းနှင့် ရှေ့ဆက်တက်လှမ်းခြင်း၊ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ဝါဒနှင့် ခေတ်သစ်ဆိုရှယ်လစ်စနစ်တွင် မဟာအောင်မြင်မှုရရှိခြင်း၌ တရုတ်ပြည်သူများအား စည်းလုံးကာ ဦးဆောင်လျက်ရှိကြောင်း။

— CPC ပါတီက မိမိကိုယ်ကိုယုံကြည်မှု၊ မိမိကိုယ်ကိုအားထားမှုနှင့် တီထွင်ဆန်းသစ်မှုစိတ်ဓာတ်မှတစ်ဆင့် ကြီးမားသော အပြင်းအထန် ကြိုးပမ်းအားထုတ်မှု၊ မဟာစီမံကိန်း၊ မဟာအကြောင်းအရင်းနှင့် မဟာအိပ်မက်မျာအား လိုက်လျှောက်ခြင်း၊ ခေတ်သစ်တွင် တရုတ်သွင်ပြင်လက္ခဏာများနှင့် ဆိုရှယ်လစ်စနစ်အတွက် မဟာအောင်မြင်မှုရရှိခြင်း စသည်တို့အတွက် ပြည်သူများအား စည်းလုံးကာ ဦးဆောင်လျက်ရှိကြောင်း။

တရုတ်နိုင်ငံ သမ္မတလည်းဖြစ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီသည် CPC နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား၌ အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

———————————–
(English Version)
Xi summarizes CPC’s four great successes
Source: Xinhua| 2021-07-01 08:41:14|Editor: huaxia
BEIJING, July 1 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on Thursday summed up the four great successes achieved by the CPC in the past century.
— The Party unites and leads the Chinese people in fighting bloody battles with unyielding determination, achieving great success in the new-democratic revolution.
— The Party unites and leads the Chinese people in endeavoring to build a stronger China with a spirit of self-reliance, achieving great success in socialist revolution and construction.
— The Party unites and leads the Chinese people in freeing the mind and forging ahead, achieving great success in reform, opening up, and socialist modernization.
— The Party unites and leads the Chinese people in pursuing a great struggle, a great project, a great cause, and a great dream through a spirit of self-confidence, self-reliance, and innovation, achieving great success for socialism with Chinese characteristics in the new era.
Xi, also Chinese president and chairman of the Central Military Commission, made the remarks at a ceremony marking the centenary of the CPC. Enditem
Photo : Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, Chinese president and chairman of the Central Military Commission, delivered an important speech at a ceremony marking the centenary of the CPC in Beijing, capital of China, July 1, 2021. (Xinhua/Ju Peng, Li Xueren, Xie Huanchi)■