Connect with us

Agriculture

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ လတ်ဆတ်သော သစ်သီးများအား စင်ကာပူနိုင်ငံသို့ ကုန်တင်လေယာဉ်ဖြင့် တင်ပို့

ချုံချင့်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

လိမ္မော်သီးများတင်ဆောင်ထားသည့် ကုန်တင်လေယာဉ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစပယ်ဒေသမှ စင်္ကာပူနိုင်ငံသို့ နိုဝင်ဘာ ၂၆ ရက်က ထွက်ခွာခဲ့ကြောင်း မြူနီစပယ်ကုန်သွယ်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။
ချုံချင့်မြုနီစပယ်ဒေသ ၏ Zhongxian ကောင်တီမှ “Zhong Orange” အမှတ်တံဆိပ်အမည်ဖြင့် လတ်ဆတ်ေသာလိမ္မော်သီး ၃၀၀ ကီလိုဂရမ်အားတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥယျာဉ်ခြံများမှ စင်ကာပူနိုင်ငံသို့တင်ပို့မှု သည် အချိန် ၃ရက်ကြာနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ပုံမှန်ကုန်းကြောင်း၊ ရေကြောင်း သယ်ယူပို့ဆောင်ရေးထက် ၁၁ ရက် ပိုမြန်ကြောင်းနှင့် လေကြောင်းဖြင့် ပို့ဆောင်ခြင်းသည် အသီးအနှံများ၏ လတ်ဆတ်မှုအား ပိုမိုအာမခံနိုင်ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ်တွင် “Zhong Orange” သည် အပြည်ပြည်ဆိုင်ရာ ကုန်းမြေ-ပင်လယ် ကုန်သွယ်ရေးစင်္ကြံသစ် မှတဆင့် ချုံချင့်မြုနီစပယ်ဒေသ မှ စင်ကာပူသို့တင်ပို့သော ပထမဆုံး လိမ္မော်သီးများဖြစ်လာခဲ့သည်။

လက်ရှိအချိန်အထိ အဆိုပါသစ်သီးဝလံများအားတန်ချိန် ၂၀၀၀ ကျော်ကို စင်ကာပူနိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ တစ်လျှောက်ရှိ အခြားနိုင်ငံများနှင့် ဒေသများသို့ တင်ပို့ထားပြီး ပုံမှန်တင်ပို့သည့်စနစ်ကိုလည်း ချမှတ်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Fresh fruits from SW China exported to Singapore via cargo flight

CHONGQING, Nov. 27 (Xinhua) — A cargo flight loaded with citrus fruits departed from southwest China’s Chongqing Municipality on Friday for Singapore, according to the municipal commission of commerce.

The shipment contains 300 kg of fresh citrus fruits with the brand name “Zhong Orange” from Chongqing’s Zhongxian County.

The shipment, from the orchards to Singapore, is expected to take three days, 11 days earlier than the normal land-sea transportation, which can better guarantee the freshness of the citrus fruits.

In 2020, “Zhong Orange” became the first citrus fruit from Chongqing to be exported to Singapore via the New International Land-Sea Trade Corridor.

As of now, more than 2,000 tonnes of such fruits have been exported to Singapore as well as other countries and regions along the Belt and Road, and a regular export system has been established. Enditem