Connect with us

Media

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ပထမဆုံး တစ်လမ်းပြေးရထားလမ်း ဖွင့်လှစ်

ဟဲဖေ၊နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော်ဝူဟူတွင် မြို့အတွင်းအစိမ်းရောင်သယ်ယူပို့ဆောင်ရေးစနစ် တစ်ခုကို တည်ဆောက်နေသည့်ကြိုးပမ်းအားထုတ်မှုအဖြစ် ပထမဆုံး မောင်းသူမဲ့ တစ်လမ်းပြေးရထားလမ်းကို နိုဝင်ဘာ ၃ ရက်ကဖွင့်လှစ်ခဲ့သည်။
တစ်လမ်းပြေးရထားလမ်းအမှတ် (၁) သည် မြောက်ဘက်မှတောင်ဘက်သို့ မောင်းနှင်ပြေးဆွဲမည်ဖြစ်ပြီး အကွာအဝေး စုစုပေါင်း ၃၀.၅ ကီလိုမီတာရှိပြီး မိုးပျံ ဘူတာရုံပေါင်း ၂၅ ရုံရှိသည်။ ရထားလမ်းပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၈၀ အမြန်နှုန်းဖြင့်ရထားများ မောင်းနှင်နိုင်မည်ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် တစ်လမ်းပြေးရထားလမ်းတွင် စီမံကိန်း စုစုပေါင်းရင်းနှီးမြှုပ်နှံငွေမှာ ယွမ်ဘီလီယံပေါင်း ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၂၅ဘီလီယံ) ရှိကြောင်း ဒေသအာဏာပိုင်များကဆိုသည်။
တစ်လမ်းပြေးရထားစနစ်တွင် သံလမ်းတစ်ကြောင်းတည်းပါဝင်သည့် ရထားလမ်းပေါ်တွင် ရထားများပြေးဆွဲခြင်းဖြစ်သည်။ မြေအောက်ရထားများနှင့် နှိုင်းယှဉ်ပါက တစ်လမ်းပြေးရထားများသည် တည်ဆောက်ရန် ပိုမိုဈေးသက်သာပြီး အလယ်အလတ် လူဦးရေပမာဏရှိသည့်ဝူဟူကဲ့သို့သောမြို့များအတွက် သင့်လျော်သော ခရီးသည်အတန်အသင့် ပို့ဆောင်နိုင်သည့် ရထားအမျိုးအစားဖြစ်သည်။ တစ်လမ်းပြေးရထားများသည်မြေအောက်ရထားများထက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ထိရောက်မှုရှိပြီး သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတရှိစေကြောင်းသိရသည်။ (Xinhua)
………………………………………
(English Version)

East China’s Wuhu opens first monorail line
HEFEI, Nov. 4 (Xinhua) — The city of Wuhu in east China’s Anhui Province officially unveiled its first unmanned monorail line on Wednesday amid efforts to build a green transportation system in the city.

The monorail line 1 operates in a north-south direction covering a total distance of 30.5 kilometers with 25 elevated stations. Trains plying on the line can travel at a speed of up to 80 kilometers per hour.

Construction of this monorail started in 2017, with a total project investment of more than 8 billion yuan (about 1.25 billion U.S. dollars), according to local authorities.

Monorail is a railway system in which trains travel along a track consisting of one rail. Compared with metros, monorails are cheaper to build and have a medium capacity which is perfect for a medium-sized city like Wuhu. Monorails are a highly-efficient and environmentally-friendly alternative to metros.