Connect with us

Economy

တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ်တွင် ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံများနှင့် ကုန်သွယ်မှု မြင့်တက်လျက်ရှိ

ကျိနန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်သည် ၂၀၂၁ ခုနှစ်အတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံနှင့် ဒေသများနှင့် ပြည်ပကုန်သွယ်မှု၌ တိုးတက်မှုအားကောင်းလျက်ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ကုန်သွယ်မှုမှာ ယမန်နှစ်ကထက် ၄၀.၈ ရာခိုင်နှုန်း၊ ယွမ် ၉၃၇.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၇.၆ ဘီလီယံခန့်) မြင့်တက်လာခဲ့ပြီး ပြည်နယ်၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ ၃၂ ရာခိုင်နှုန်းရှိကြောင်း ချင်းသောင် အကောက်ခွန်ဌာနအရ သိရသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) တွင် ပါဝင်သော နိုင်ငံများနှင့် ဆန်းတုန်းပြည်နယ်၏ ပို့ကုန်နှင့် သွင်းကုန်မှာ ၂၀၂၁ ခုနှစ်တွင် နှစ်စဉ်တိုးတက်မှု ၃၉.၇ ရာခိုင်နှုန်းနှင့် ၄၂.၂ ရာခိုင်နှုန်း အသီးသီးထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။

စွမ်းအင်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင်လည်း နှစ်ဘက်ကြား အနီးကပ် ပိုမိုချိတ်ဆက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဆန်းတုန်းပြည်နယ်က ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများမှ ရေနံစိမ်း ယွမ် ၁၇၅ ဘီလီယံ တင်သွင်းခဲ့ပြီး ၅၁.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုမှာလည်း ၁၉.၅ ရာခိုင်နှုန်း တိုးတက်လျက် ယွမ် ၂၆ ဘီလီယံကျော်လွန်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆန်းတုန်းပြည်နယ်က BRI တွင် ပါဝင်သောနိုင်ငံများနှင့် ကုန်သွယ်မှုမှာ နှစ်စဉ် ၁၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

East China province sees robust trade with B&R countries

2022-01-19 17:05:15
JINAN, Jan. 19 (Xinhua) — East China’s Shandong Province saw robust growth in its foreign trade with countries and regions along the Belt and Road in 2021, local authorities said.

The trade rose by 40.8 percent year on year to about 937.6 billion yuan (around 147.6 billion U.S. dollars) last year, accounting for 32 percent of the province’s total foreign trade, according to Qingdao Customs.

Shandong’s exports and imports with countries participating in the Belt and Road Initiative (BRI) maintained an annual increase of 39.7 percent and 42.2 percent respectively in 2021.

Of the total, the energy and agricultural sectors are more closely linked between the two sides. In 2021, Shandong imported about 175 billion yuan of crude oil from countries along the Belt and Road, up 51.5 percent, and the imports of agricultural products increased 19.5 percent to more than 26 billion yuan.

From 2013 to 2021, the province saw its trade with BRI nations grow by an annual average of 11.1 percent. Enditem

Photo : Aerial photo taken on Dec. 7, 2021 shows vehicles before being loaded onto a freight ship at Yantai Port, east China’s Shandong Province. (Photo by Tang Ke/Xinhua)