Connect with us

China

တရုတ်-ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၌ စတင်

စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ဩဂုတ် ၄ ရက်တွင် လိုက်လျောညီထွေ ပြုပြင်နိုင်သော လေ့ကျင့်မှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရင်ချွမ်း ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်သည့် ZAPAD/INTERACTION-2021 စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ ပေါင်းစည်းလက်နက်ကိုင်တပ်ဖွဲ့ နည်းဗျူဟာမြောက် လေ့ကျင့်ရေးစခန်း၌ ဩဂုတ် ၉ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်(CMC) အဖွဲ့ဝင် နှင့် ဗဟိုစစ်ကော်မရှင်ပူးတွဲဦးစီးချုပ်ဌာန၏ စစ်ဦးစီးချုပ် Li Zuocheng က ယင်းလေ့ကျင့်မှုတွင် အထွေထွေညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် လေ့ကျင့်ရေး စတင်ရန် Li က အမိန့်ပေး ကြေညာခဲ့သည်။ ယင်းလေ့ကျင့်မှုတွင် ပါဝင်သော နှစ်ဖက်စစ်တပ်မှ အရာရှိများ နှင့် စစ်သည်များက လေကြောင်းတပ်ဖွဲ့အုပ်စု စစ်ဆေးမှုခံယူရန် နှင့် မြေပြင် ပုံစံ ၁၃ ဖွဲ့စည်းရန် ပေါင်းစည်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အကြမ်းဖက်မှုဆန့်ကျင်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တပ်များအကြား ပူးတွဲစစ်ဆင်ရေးများကို ပို၍နက်ရှိုင်းစေရန် ရည်ရွယ်ပြီး နိုင်ငံတကာ နှင့် ဒေသတွင်း လုံခြုံရေး နှင့် တည်ငြိမ်ရေးအား အတူတကွ ကာကွယ်စောင့်ရှောက်ရေး နှစ်နိုင်ငံ၏ ခိုင်မာသည့် စိတ်ဓာတ်ကြံ့ခိုင်ခြင်း နှင့် စွမ်းရည်တို့အား ပြသရန်ဖြစ်ကြောင်း တရုတ် နှင့် ရုရှား နှစ်နိုင်ငံ အရာရှိများ၏ ပြောကြားချက်အရ သိရသည်။

ယင်းသည် ခေတ်သစ်တစ်ခုအတွက် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်မှု မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်ကို မြှင့်တင်ရန် နှင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု ၊ လက်တွေ့ကျသည့် ဖလှယ်မှုများ နှင့် ညှိနှိုင်းဆောင်ရွက်မှုတို့ကို ထပ်ဟပ်စေကြောင်း အရာရှိများက ပြောကြားခဲ့သည်။

ယင်းပူးတွဲလေ့ကျင့်မှုကို ဩဂုတ် ၁၃ ရက်အထိ ဆက်လက်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
China-Russia military exercise begins in NW China
YINCHUAN, Aug. 9 (Xinhua) — ZAPAD/INTERACTION-2021, a joint military exercise between China and Russia, kicked off Monday at a combined-arms tactical training base of the People’s Liberation Army (PLA) in northwest China’s Ningxia Hui Autonomous Region.
Li Zuocheng, a member of the Central Military Commission (CMC) and chief of staff of the CMC Joint Staff Department, served as the general director of the exercise.
At the opening ceremony, Li announced the order for the exercise to begin. Participating officers and soldiers from the two militaries were organized into 13 ground formations and two air echelons to be inspected.
The joint exercise aims to deepen the joint anti-terrorism operations between the Chinese and Russian militaries and demonstrate the firm determination and strength of the two countries to jointly safeguard international and regional security and stability, according to Chinese and Russian officials.
It reflects the new height of the China-Russia comprehensive strategic partnership of coordination for a new era and of the strategic mutual trust, pragmatic exchanges and coordination between the two countries, the officials said.
The joint exercise is set to continue till Aug. 13. Enditem
Photo – Military personnel conduct adaptive training for a joint military drill on Aug. 4, 2021. A joint military exercise by the Chinese and Russian armies will be held from Aug. 9 to 13 at a training base of the People’s Liberation Army (PLA) in northwest China’s Ningxia Hui Autonomous Region. (Xinhua/Wei Kunxiang)