Connect with us

International Organizations

တောင်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးတပ် တတိယမြောက် ရေငုတ်သင်္ဘော ရေချမည်

တောင်ကိုရီးယားနိုင်ငံက ထုတ်လုပ်ထားသော တန်ချိန် ၃,၀၀၀ ရှိ Dosan Ahn Chang-ho ရေငုပ်သင်္ဘောအား စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Yonhap)

ဆိုးလ် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားသော အလေးချိန် တန် ၃,၀၀၀ ရှိ တတိယမြောက် ပြည်တွင်းဖြစ် ရေငုတ်သင်္ဘောအား ရေချသွားမည် ဖြစ်ကြောင်း ရေတပ် နှင့် ကာကွယ်ရေး စစ်လက်နက် ဝယ်ယူရေးအစီအစဉ် စီမံခန့်ခွဲရေးဌာန (DAPA) က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

တတိယမြောက် နှင့် Changbogo-III Batch-I အမျိုးအစား ရေငုပ်သင်္ဘော သုံးစင်းအနက် နောက်ဆုံးတစ်စင်းဖြစ်သည့် တန် ၃,၀၀၀ ရှိ Shin Chae-ho ရေငုပ်သင်္ဘော ရေချသည့် အခမ်းအနားကို နိုင်ငံအရှေ့တောင်ပိုင်း Ulsan မြို့ရှိ Hyundai Heavy စက်မှုလုပ်ငန်း၏ သင်္ဘောကျင်း၌ ယနေ့နှောင်းပိုင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သည့် ကိုရီးယားဝမ် ၃ ဒသမ ၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ) တန်ဖိုးရှိ စီမံကိန်းအောက်တွင် တောင်ကိုရီးယားနိုင်ငံသည် ပြည်တွင်းနည်းပညာများဖြင့် ရေငုပ်သင်္ဘောများကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

ပထမဆုံးတစ်စင်းဖြစ်သည့် Dosan Ahn Chang-ho ရေငုပ်သင်္ဘောအား ၂၀၁၈ ခုနှစ်တွင် ရေချခဲ့ပြီး ဩဂုတ်လတွင် အသုံးပြုခဲ့ကြောင်း နှင့် ဒုတိယမြောက် Ahn Mu ရေငုပ်သင်္ဘောအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ရေချခဲ့ပြီး လာမည့်နှစ်တွင် ရေတပ်သို့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တတိယမြောက် ရေငုပ်သင်္ဘောအား ပင်လယ်ပြင်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ရေတပ်သို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။ ရေငုပ်သင်္ဘော သုံးစင်းလုံးသည် ထောင်လိုက်ပစ်ခတ်နိုင်သောပြောင်း ၆ ခုနှင့်အတူ ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် (SLBM) ပစ်ခတ်နိုင်စွမ်း ရှိကြောင်း သိရသည်။

တောင်ကိုရီးယားစစ်တပ်သည် ယခုလအစောပိုင်းတွင် Dosan Ahn Chang-ho ရေငုပ်သင်္ဘောမှ SLBM(ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ခြင်း)ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ SLBM အား “Hyunmoo 4-4” ဟု လူသိများပြီး ယင်းသည် ကီလိုမီတာ ၅၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သော တောင်ကိုရီးယားနိုင်ငံ၏ Hyunmoo-2B ပဲ့ထိန်းဒုံးကျည် နည်းပညာကို အခြေခံတည်ဆောက်ထားကြောင်း သိရသည်။ (Xinhua)

 

————————————
(English Version)
S. Korea to launch 3rd submarine equipped with ballistic missiles
SEOUL, Sept. 28 (Xinhua) — South Korea will launch its third homegrown 3,000-ton submarine equipped with ballistic missiles, the Navy and the Defense Acquisition Program Administration (DAPA) said Tuesday.
A launch ceremony for the 3,000-ton-class Shin Chae-ho submarine, the third and the final of three Changbogo-III Batch-I submarines, will be carried out later in the day at the shipyard of Hyundai Heavy Industries in the southeast city of Ulsan.
Under the 3.1-trillion-won (2.8-billion-U.S. dollar) project launched in 2007, South Korea has built submarines with its indigenous technologies.
The first Dosan Ahn Chang-ho submarine was launched in 2018 and deployed in August, while the second Ahn Mu submarine was launched in November last year and would be delivered to the Navy next year.
The third submarine would be delivered to the Navy in 2024 after sea trial. All of the three submarines are capable of firing submarine-launched ballistic missiles (SLBM) with six vertical launch tubes.
The South Korean military successfully test-fired SLBM from the Dosan Ahn Chang-ho submarine earlier this month.
The SLBM was known as “Hyunmoo 4-4” as it was developed based on the technology of the country’s Hyunmoo-2B ballistic missile with a range of about 500 km. Enditem
Photo – This photo, taken Sept. 14, shows the 3,000-ton diesel-electric air-independent propulsion submarine, named after a prominent South Korean independence fighter, the Dosan Ahn Chang-ho, sitting at the Okpo Shipyard of Daewoo Shipbuilding and Marine Engineering Co. on the southern island of Geoje. (Yonhap)