Connect with us

International Organizations

တွန်ဂါနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုနှင့် ဆူနာမီကြောင့် လူ ၂ ဦးသေဆုံး

ဆူဗား၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တွန်ဂါနိုင်ငံ မြို့တော် Nuku’alofa မြောက်ဘက် ၆၅ ကီလိုမီတာခန့်အကွာရှိ Hunga Tonga-Hunga Ha’apai မီးတောင်မှာ ပြင်းထန်စွာပေါက်ကွဲပြီးနောက် လူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါ လူသေဆုံးမှုနှင့်ပတ်သက်၍ နယူးဇီလန်နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက အတည်ပြုထားကြောင်း ရေဒီယိုနယူးဇီလန် (RNZ) က ဇန်နဝါရီ ၁၈ ရက်၌ ဖော်ပြထားသည်။

သေဆုံးနှစ်ဦးအနက် တစ်ဦးမှာ ဗြိိတိန်နိုင်ငံသား Angela Glover ဆိုသူဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်က မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆူနာမီကြောင့် သေဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုက သတင်းပို့လာခဲ့ခြင်း ဖြစ်သည်။ ၎င်းလုပ်ကိုင်နေသော တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာရှိခွေးများအား ကယ်ဆယ်ရန် ကြိုးပမ်းရင်း သေဆုံးခဲ့ဖွယ်ဖြစ်ကြောင်း သိရသည်။

တွန်ဂါ ရဲတပ်ဖွဲ့ကလည်း Nuku’alofa ရှိ နယူးဇီလန် မဟာမင်းကြီးရုံးကို လူသေဆုံးမှုအတည်ပြု အရေအတွက်ကို ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် တွန်ဂါတွင် ဆက်သွယ်ရေးပြတ်တောက်နေသဖြင့် ၎င်းကျွန်းနိုင်ငံအတွင်းရှိ သေဆုံးသူအရေအတွက်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း သိရသည်။

ဆူနာမီဒဏ်ခံစားခဲ့ရသော တွန်ဂါရှိ ကျွန်းများသည် ဆိုးဝါးစွာပျက်စီးခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း မြင့်တက်လာဖွယ်ရှိကြောင်း သတင်းက ဆိုသည်။

Mango ကျွန်းပေါ်ရှိ ကျေးရွာတစ်ခုလုံးနီးပါး ပျက်စီးသွားကြောင်းနှင့် အနီးဝန်းကျင် Atata ကျွန်းပေါ်ရှိ အဆောက်အဦးမြောက်များစွာလည်း ပျက်စီးသွားခဲ့ကြောင်း နယူးဇီလန် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်များမှ ရိုက်ကူးထားသော ဓာတ်ပုံများ၌ ဖော်ပြထားကြောင်း တွန်ဂါနိုင်ငံဆိုင်ရာ ဩစတြေးလျမစ်ရှင် အကြီးအကဲ Curtis Tu’ihalangingie က ပြောခဲ့သည်။

တွန်ဂါနိုင်ငံ အဓိကကျွန်းဖြစ်သော Tongatapu ၏ အနောက်ဘက်ကမ်းရိုးတန်းမှ ဆိုးဆိုးဝါးဝါး ပျက်စီးမှုရှိကြောင်း သတင်းဖော်ပြထားသလို နိုင်ငံအဆင့် အရေးပေါ်အခြေအနေ ကြေညာထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက နယူးဇီလန် ရေတပ်သင်္ဘော နှစ်စင်းဖြင့် ရေသန့်၊ အရေးပေါ်ထောက်ပံ့ပစ္စည်းများ သယ်ဆောင်သွားခဲ့သလို ရေငုပ်အဖွဲ့များကလည်း တွန်ဂါနိုင်ငံအား ကူညီရန် စေလွှတ်ထားသည်ဟု ဆိုသည်။

ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်များတွင် Hunga Tonga-Hunga Ha’apai မီးတောင် ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး တွန်ဂါနိုင်ငံ၌ ဆူနာမီဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Hunga Tonga-Hunga Ha’apai မီးတောင်သည် Tonga-Kermadec ကျွန်းရှိ မီးတောင်စက်ဝန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းဇုန်မှာ နယူးဇီလန်နိုင်ငံမှ မြောက်-အရှေ့မြောက်ဘက် ဖီဂျီနိုင်ငံအထိ ရှိသည်။ လွန်ခဲ့သော ဆယ်စုနှစ်များကလည်း ၎င်းမီးတောင်မှာ အကြိမ်များစွာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
2 people die in Tonga’s violent volcanic eruption, tsunami

Source: Xinhua
Editor: huaxia
2022-01-18 18:11:00
SUVA, Jan. 18 (Xinhua) — Two people have died in Tonga after the violent eruptions of the Hunga Tonga-Hunga Ha’apai volcano, about 65 km north of the country’s capital city Nuku’alofa.

According to Radio New Zealand (RNZ) on Tuesday, New Zealand’s Ministry of Foreign Affairs and Trade confirmed the two deaths.
One of the deaths was British national Angela Glover, who was reported by her family to have been killed by the tsunami caused by Saturday’s volcanic eruption. She is believed to have died trying to rescue her dogs at the animal charity she ran.

Tonga police also told the New Zealand High Commission in Nuku’alofa that the confirmed death toll stood at two, but with communications in Tonga cut off, the true extent of casualties in the island nation was not clear.

The report said the tsunami-hit Tonga islands suffered extensive damage, and it is feared that death toll in the island nation would rise.
Tonga’s deputy head of mission in Australia Curtis Tu’ihalangingie said that the images taken by the New Zealand military reconnaissance flights showed an entire village destroyed on Mango island and numerous buildings missing on nearby Atata island.

Serious damage has been reported from the west coast of Tonga’s main island Tongatapu and a state of emergency has been declared.
On Tuesday afternoon, two New Zealand naval ships carrying fresh water, emergency supplies and diving teams were being sent to Tonga to provide support.

On Friday and Saturday, the Hunga Tonga-Hunga Ha’apai volcano erupted violently and triggered tsunami in Tonga.
The Hunga Tonga-Hunga Ha’apai volcano is part of the highly active Tonga-Kermadec Islands volcanic arc, a subduction zone extending from New Zealand north-northeast to Fiji. Over the past decades, the volcano has erupted several times. ■
Photo : Aerial photo taken on Jan. 17, 2022 by a Royal New Zealand Air Force Orion aircraft shows the view of main island of Tonga after volcano eruption. (New Zealand Ministry of Defense/Handout via Xinhua)