Connect with us

Asia

ဒိုဟာမြို့တွင် တာလီဘန်နှင့် ပထမဆုံး တရားဝင်ဆက်သွယ်မှု ထူထောင်လိုက်ကြောင်း အိန္ဒိယနိုင်ငံ ကြေညာ

နယူးဒေလီ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက တာလီဘန်ထိပ်တန်းခေါင်းဆောင်နှင့် ဩဂုတ် ၃၁ ရက်က တွေ့ဆုံခဲ့ရာ တာလီဘန်နှင့် ပထမဆုံး တရားဝင်ဆက်သွယ်မှု ထူထောင်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။တာလီဘန်၏ တောင်းဆိုချက်အရ အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက လက်ရေးဖြင့်ရေးသားသော ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ကာတာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Deepak Mittal သည် ဒိုဟာမြို့ရှိ တာလီဘန် နိုင်ငံရေးရုံး အကြီးအကဲ Mohammad Abbas Stanekzai နှင့် ဒိုဟာမြို့ရှိ အိန္ဒိယသံရုံးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“အာဖဂန်နစ္စတန်မှာ ကျန်ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေ ဘေးကင်း လုံခြုံစွာနဲ့ ဆောလျင်စွာ နေရပ်ပြန်နိုင်ရေး အလေးထားဆွေးနွေးခဲ့ပါတယ်။ အာဖဂန် နိုင်ငံသားတွေ အထူးသဖြင့် အိန္ဒိယကို လာလည်ချင်ကြတဲ့ လူနည်းစုတွေ ခရီးသွားလာရေးလည်း ပါဝင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသလို “အာဖဂန်နစ္စတန်ရဲ့ မြေကို အိန္ဒိယဆန့်ကျင်ရေးလုပ်ဆောင်မှုတွေနဲ့ အကြမ်းဖက်ဝါဒအတွက် အသုံးမပြုသင့်ပါဘူး” ဟု အိန္ဒိယနိုင်ငံ၏ စိုးရိမ်ပူပန်မှုကို သံအမတ်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

တာလီဘန် ကိုယ်စားလှယ်ကလည်း အဆိုပါကိစ္စရပ်များအား အပြုသဘောဆောင်ကာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

#India #Taliban #Afghanistan #OfficialContact #Doha #Xinhua #Myanmar #XinhuaMyanmar #အိန္ဒိယ #တာလီဘန် #အာဖဂန်နစ္စတန် #ဒိုဟာ #တရားဝင်ဆက်သွယ်ရေး #ဆင်ဟွာ
——————————————-
(English Version)

India announces 1st official contact with Taliban in Doha

NEW DELHI, Aug. 31 (Xinhua) — India established the first official contact with the Taliban as India’s ambassador to Qatar held talks with a top Taliban leader on Tuesday, an official at India’s Ministry of External Affairs said.

The meeting took place at the Taliban’s request, said the Ministry in a written statement.
In the statement, the ministry said that India’s ambassador to Qatar Deepak Mittal met Sher Mohammad Abbas Stanekzai, the head of the Taliban’s Political Office in Doha at India’s embassy in Doha.

“Discussions focused on safety, security and early return of Indian nationals stranded in Afghanistan. The travel of Afghan nationals, especially minorities, who wish to visit India also came up,” the statement said, and added that India’s ambassador raised India’s concern that Afghanistan’s soil “should not be used for anti-Indian activities and terrorism in any manner.”
The Taliban representative assured the ambassador that these issues would be positively addressed. Enditem
Photo : Taliban members are seen in Mazar-i-Sharif, capital of northern Balkh province, Afghanistan, Aug. 31, 2021. (Photo by Kawa Basharat/Xinhua)