Connect with us

Asia

နယူးဇီလန်နိုင်ငံတွင် ဝန်ထမ်းများအတွက် အနည်းဆုံး နာမကျန်းခွင့် ၁၀ ရက် ခံစားခွင့်ပြု

နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့ရှိ ယာယီ COVID-19 ရောဂါစစ်ဆေးရေးနေရာတွင် ကျန်းမာရေးဝန်ထမ်းများ အလုပ်လုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လ်လင်တန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံတွင် ဝန်ထမ်းများအနေဖြင့် အနည်းဆုံး နာမကျန်းခွင့် ၁၀ ရက်တာ ခံစားခွင့်သည် ဇူလိုင် ၂၄ ရက်မှစတင်သက်ရောက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများရော ဝန်ထမ်းများပါ အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း နယူးဇီလန် လုပ်ငန်းခွင် ဆက်ဆံရေးနှင့် ဘေးကင်းရေး ဝန်ကြီး Michael Wood က ပြောကြားခဲ့သည်။

အဆိုပါ ဆောင်ရွက်ချက်သည် “နယူးဇီလန်နိုင်ငံသားများနှင့် လုပ်ငန်းခွင် ကျန်းမာရေး အထောက်အကူဖြစ်စေရန်” ရည်ရွယ်ကြောင်း Wood က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“ကျွန်တော်တို့ နာမကျန်းဖြစ်တဲ့အခါ အိမ်မှာနေဖို့ ဘယ်လောက်အရေးကြီးကြောင်း COVID-19 က ပြသလျက်ရှိပါတယ်။ လူတွေကို အနည်းဆုံး နာမကျန်းခွင့် ၁၀ ရက် ပေးခြင်းဖြင့် သူတို့ကို အိမ်မှာနေဖို့ ကူညီရာရောက်သလို ဗိုင်းရပ်စ် ပျံ့နှံ့မှုကိုလည်း ရပ်တန့်စေမှာဖြစ်ပါတယ်” ဟု Wood က ဆိုသည်။

ကျန်းမာပြီး ကောင်းစွာ အနားယူမှုရှိတဲ့ လုပ်သားအင်အားရှိခြင်းက စီးပွားရေးလုပ်ငန်းများအား အထောက်အကူပြုသလို လေ့လာမှုများကလည်း ဖျားနာနေစဉ် အလုပ်လုပ်သူများမှာ အလုပ်ပြီးမြောက်နိုင်စွမ်းအား ၂၀ ရာခိုင်နှုန်းလျော့နည်းကြောင်းနှင့် ကျန်းမာသော ဝန်ထမ်းများကမူ အလုပ်ပြီးမြောက်နိုင်စွမ်းအား သုံးဆပိုကြောင်း အကြံပြုထားသည်။

ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ လုပ်သက်များအရ လာမည့်နှစ်အတွင်း မတူညီသော အချိန်ကာလများ၌ ခံစားခွင့် တိုးမြှင့်ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဝန်ထမ်းသစ်များအနေဖြင့်မူ လုပ်ငန်းတစ်ခု၌ အချိန် ၆ လ ကြာလုပ်ကိုင်ပြီးနောက် အနည်းဆုံး နာမကျန်းခွင့် ၁၀ ရက် ခံစားခွင့်ရှိမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အသုံးမပြုထားသော မည်သည့်နာမကျန်းခွင့်ကိုမဆို အများဆုံးခံစားခွင့်မှာ တစ်နှစ်လျှင် ရက် ၂၀ ဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

————————————
(English Version)
New Zealand delivers minimum 10-day sick leave for employees
Source: Xinhua| 2021-07-24 10:21:25|Editor: huaxia
WELLINGTON, July 24 (Xinhua) — Legislation doubling employees’ minimum sick leave entitlement to 10 days came into effect on Saturday, bringing benefits to both businesses and employees, said New Zealand Workplace Relations and Safety Minister Michael Wood.
The move aims to “help Kiwis and workplaces stay healthy,” Wood said in a statement.
“COVID-19 has shown us how important it is to stay home when you’re sick. By giving people a minimum of 10 days sick leave, we’re helping them to do that and stop bugs from spreading,” Wood said.
Having a healthy and well-rested workforce also helps businesses, he said, adding studies have suggested that people working while sick are 20 percent less productive and the healthiest workers are up to three times more productive.
Employees are eligible for the increased entitlement at different times over the next year in line with their work anniversary dates, he said.
New employees will still be eligible for at least the minimum 10 days sick leave after six months in a job, and the current maximum entitlement of any unused sick leave stays at 20 days annually, according to the minister. Enditem
Photo : Medical workers work at a temporary COVID-19 testing site in Auckland, New Zealand, Feb. 15, 2021. (Photo by Zhao Gang/Xinhua)