Connect with us

Asia

နီပေါနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် e-passport များ ထုတ်ပေး

ခတ္တမ္ဒူ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် e-passport များကို နိုဝင်ဘာ ၁၇ ရက်မှ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။နိုင်ငံခြားရေးဝန်ကြီး Narayan Khadka က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနရှိ e-passport များ ထုတ်ပေးရေးစင်တာအား ဖွင့်လှစ်ခဲ့ကြောင်းနှင့် နိုင်ငံ၏ ပထမဦးဆုံး e-passport ကို အသက် ၁၀၂ နှစ်အရွယ် သမိုင်းပညာရှင် Satya Mohan Joshi အား အပ်နှံပေးအပ်ခဲ့ကြောင်း ယင်းဌာနက သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

နီပေါနိုင်ငံတွင် ဆယ်စုနှစ်များစွာကြာပြီဖြစ်သော လက်ရေးဖြင့်ရေးသားထားသည့် ပတ်စပို့များနေရာ၌ အစားထိုးရန် ၂၀၁၀ ပြည့်နှစ်က မိတ်ဆက်ခဲ့သော စက်ဖြင့်ဖတ်ရှုနိုင်သော ပတ်စပို့များနေရာတွင် E-passport များအား အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“စနစ်ကို စမ်းသပ်နေဆဲအဆင့်မှာတော့ e-passport တွေကို အကန့်အသတ်နဲ့သာ ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ပတ်စပို့ထုတ်ပေးရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Sharad Raj Aran က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဌာနအနေဖြင့် သီတင်းပတ်သုံးပတ်အတွင်း e-passport များ အပြည့်အဝထုတ်ပေးရန် စီစဉ်ထားကြောင်း၊ ဒေသအတော်များများတွင် ပတ်စပို့ထုတ်ပေးမည့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးများနှင့် အခြားသောရုံးများအား ဒီဇင်ဘာလမတိုင်မီ e-passport များ စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပရှိ နီပေါနိုင်ငံ သံတမန်လုပ်ငန်းများအနေဖြင့် လာမည့်နှစ် ဇန်နဝါရီလတွင် e-passport များ ထုတ်ပေးခြင်းကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရုံးများအားလုံးအနေဖြင့် e-passport များသာထုတ်ပေးရန်အတွက် အခြေခံအဆောက်အအုံ လိုအပ်သည်အထိ e-passport များနှင့်အတူ စက်ဖြင့်ဖတ်ရှုနိုင်သော ပတ်စပို့များအား ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း Aran က ပြောကြားခဲ့သည်။

“ ဇန်နဝါရီလမကုန်မီမှာ e-passport ထုတ်ပေးရေး အပြည့်အဝဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

———————————————-
(English Version)

Nepal issues e-passports for 1st time

KATHMANDU, Nov. 17 (Xinhua) — Nepal on Wednesday started issuing e-passports for the first time.
Foreign Minister Narayan Khadka inaugurated the e-passport personalization center at the Department of Passport and handed over the country’s first-ever e-passport to Satya Mohan Joshi, a 102-year-old historian, the department said in a press statement.

E-passports will ultimately replace the machine-readable passports, which were introduced in 2010 to replace the decades-old handwritten passports in Nepal.

“Only limited e-passports will be issued for a few days as the system is still in the testing phase,” Sharad Raj Aran, spokesman for the Department of Passport, told Xinhua.

The department plans to issue e-passports in a full manner within three weeks, while District Administration Offices and other offices authorized to issue passports in various parts of the country will start issuing e-passports by December, and Nepali diplomatic missions abroad shall issue e-passports in January next year, according to the press statement.

Aran said all the offices would continue to issue machine-readable passports alongside e-passports until necessary infrastructure is ready for e-passports only.

“We plan to fully go into the e-passport regime by January end,” he added. EnditemPhoto taken on Aug. 28, 2020 shows Boudhanath Stupa, a UNESCO world heritage site, in Kathmandu, Nepal. (Photo by Sulav Shrestha/Xinhua)