Connect with us

Asia

နီပေါနိုင်ငံ၌ ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူ ၂၈ ဦး သေဆုံး

ခတ္တမန္ဒူ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်း၌ အောက်တိုဘာ ၁၂ ရက်တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ချောက်ကမ်းပါးတစ်ခုပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိကြောင်း ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။Karnali ပြည်နယ် Mugu ခရိုင် Pina Gaun ဒေသ၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်ရပ်ဆိုးကြောင့် ခရီးသည် ၂၄ ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး အခြားသူ လေးဦးမှာ ဆေးရုံသို့ သွားသည့်လမ်းတွင် ဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း Mugu ခရိုင်အရာရှိချုပ် Rom Bahadur Mahat က ပြောကြားခဲ့သည်။

ယာဉ်မတော်တဆမှု ဖြစ်ရပ်ဆိုး ကြုံတွေ့ခဲ့သည့် ဘတ်စ်ကားပေါ်တွင် ယာဉ်အမှုထမ်းအပါအဝင် လူ ၄၂ ဦး တင်ဆောင်လာခဲ့ကြောင်း ခရိုင်အရာရှိချုပ် Mahat က အခင်းဖြစ်နေရာမှ ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။ ဒဏ်ရာရရှိသူ ၁၄ ဦးအား ရဟတ်ယာဉ်များ ၊ ပုံမှန်လေကြောင်းခရီးစဉ်များဖြင့် Nepalgunj မြို့သို့ ပို့ဆောင်ပေးထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သေဆုံးသူအများစုမှာ နီပေါနိုင်ငံ၌ အကြီးမားဆုံး Dashain ပွဲတော်အတွက် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ နှင့် ကျောင်းသားများ ဖြစ်ကြောင်း ၊ ယင်းဘတ်စ်ကားသည် Karnali ပြည်နယ်၏ မြို့တော် Surkhet မြို့မှ Mugu ခရိုင် Gamgadhi ဒေသသို့ ဦးတည်ထွက်ခွာလာကြောင်း ခရိုင်အရာရှိချုပ် Mahat က ပြောကြားခဲ့သည်။

မျက်မြင်သက်သေများအပေါ် အခြေခံထားသည့် ကနဦး စုံစမ်းစစ်ဆေးမှုတွင် ယင်းဘတ်စ်ကားသည် Gamgadhi ဒေသသို့ သွားသည့် ခက်ခဲသည့် လမ်းပိုင်းတွင် တာယာဘီးတစ်လုံးပေါက်ကွဲပြီးနောက် ဟန်ချက်ပျက်သွားခဲ့ကြောင်း Mahat က ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၁ ရက်တွင် Gandaki ပြည်နယ် Kaski ခရိုင် Ghandruk ဒေသ၌ ဂျစ်ကား မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————————-
(English Version)

28 dead in bus accident in Nepal
KATHMANDU, Oct. 12 (Xinhua) — At least 28 people were killed and 14 others injured on Tuesday when a passenger bus fell off a cliff in western Nepal, a local official said.

Twenty-four passengers died on the spot in the tragedy occurring in Pina Gaun of the Mugu district in Karnali Province, while four others succumbed to their injuries on the way to the hospital, said Rom Bahadur Mahat, Mugu’s chief district officer.

“The bus was carrying 42 people including bus staff when the tragic accident happened,” Mahat told Xinhua over the phone from the scene. “Fourteen of the injured have been sent to Nepalgunj through helicopters and regular flights.”
Mahat said most of the dead are students and migrant workers returning from India for Dashain, the biggest festival in Nepal, and the bus was heading toward Mugu’s Gamgadhi from Surkhet, the provincial capital.

“Our preliminary investigation based on the witnesses suggests the bus lost its balance after one of its tires burst in the difficult section of the road to Gamgadhi,” said Mahat.

On Monday, eight people lost their lives in a jeep accident in Ghandruk of the Kaski district in Gandaki Province. Enditem

Photo – Rescuers search for the missing bus and passengers in Dhading District, Nepal, Oct. 28, 2017. At least 14 people were killed when a passenger bus slipped off a highway and plunged into a river in Dhading District of Central Nepal on Saturday morning, officials said here. (Xinhua)