Connect with us

Economy

ပဉ္စမအကြိမ်မြောက် CIIE အတွက် စီးပွားရေးပြခန်းပြသသူများအတွက် မှတ်ပုံတင်ခြင်း စတင်

ရှန်ဟိုင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

ပဉ္စမအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အတွက် စီးပွားရေးပြခန်း ပြသမည့်သူများအတွက် မှတ်ပုံတင်ခြင်းကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။၂၀၂၂ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပရန် လျာထားသော ပဉ္စမအကြိမ်မြောက် CIIE ပြပွဲအတွက် ကမ္ဘာ့ကုမ္ပဏီ ၂၀ ကျော်က စာရင်းပေးထားပြီးဖြစ်ကြောင်း CIIE ဗျူရို လက်ထောက်ညွှန်ကြားရေးမှူး Liu Fuxue က ပြောခဲ့သည်။

ပဉ္စမအကြိမ်မြောက် CIIE ပြပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဉာဏ်ရည်တု(AI) အတွက် အထူးကဏ္ဍထားရှိသွားမည်ဖြစ်ကြောင်း Liu က ဖြည့်စွက်ပြောခဲ့သည်။

လက်ရှိတွင် စတုတ္ထအကြိမ်မြောက် CIIE ပြခန်း၏ စတုရန်းမီတာ ၃၆၀,၀၀၀ ခန့်မှာ ကြိုတင်စာရင်းသွင်းထားပြီးဖြစ်ကာ မျှော်မှန်းထားသော ရည်မှန်းချက်နှင့် ကိုက်ညီပြီဖြစ်သည်ဟု Liu က ဆိုသည်။

CIIE သည် ကမ္ဘာပေါ်တွင် ပထမဆုံးသွင်းကုန်ပြသရန် မြှုပ်နှံထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ပြပွဲသုံးခုတွင် အကျိုးအမြတ်များ ရရှိသည်မြင်တွေ့ခဲ့ရကြောင်း၊ စတုတ္ထအကြိမ်မြာက် CIIE ပြပွဲအား ယခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့တွင် အော့ဖ်လိုင်း (offline) အဖြစ် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

—————————————————
(English Version)

Fifth CIIE starts registration of business exhibitors

SHANGHAI, Aug. 12 (Xinhua) — The 5th China International Import Expo (CIIE) has opened registration for its business exhibition, the organizer said Thursday.

So far, more than 20 global companies have signed up for the 5th CIIE, scheduled in Shanghai from Nov. 5 to Nov. 10 in 2022, said Liu Fuxue, deputy director of the CIIE Bureau.

The 5th CIIE will set up a special section for artificial intelligence (AI) for the first time, Liu added.
Currently, some 360,000 square meters of the 4th CIIE’s exhibition area have been booked, meeting the expected target, Liu said.
The CIIE is the first dedicated import exhibition in the world and has seen fruitful outcomes in the past three expos. The 4th CIIE is slated to be held offline in Shanghai from Nov. 5 to 10 this year. Enditem

Photo : Jinbao, mascot of China International Import Expo (CIIE), stands at the National Exhibition and Convention Center (Shanghai), the main venue of the first CIIE, in Shanghai, east China, July 26, 2019. (Xinhua/Fang Zhe)