Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံတွင် မင်္ဂလာဆောင်ပါတီကျင်းပနေစဉ် ဘတ်စ်ကားဝင်တိုက်မှုကြောင့် လူ ၈ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Gujranwala ခရိုင်တွင် မီးလောင်နေသော ခရီးသည်တင်ဗင်ကားအား ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက မင်္ဂလာဆောင်ပါတီကျင်းပနေစဉ် ဘတ်စ်ကားတစ်စီး ဝင်တိုက်မိခြင်းကြောင့် လူ ၈ ဦးသေဆုံးပြီး အခြားသူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာနှင့် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပန်ဂျပ်ပြည်နယ် Mandi Bahauddin ခရိုင်၊ Tahli Adda နယ်မြေအနီး လမ်းနံဘေးရှိ ၎င်းတို့၏နေအိမ်အရှေ့တွင် မင်္ဂလာဆောင်ပါတီ ကျင်းပနေသူများအား အရှိန်မထိန်းနိုင်သော ဘတ်စ်ကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဒေသန္တရရဲတပ်ဖွဲ့က ပြောခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများသည် သေဆုံးသူများနှင့် ဒဏ်ရာရသူများအား အနီးဝန်းကျင်ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူအများစုမှာ စိုးရိမ်ဖွယ်အခြေအနေဖြစ်နေသဖြင့် သေဆုံးသူအရေအတွက် မြင့်တက်လာဖွယ်ရှိကြောင်း ဆေးရုံတာဝန်ရှိသူက ဆိုသည်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ ယာဉ်မတော်တတဆမှုမှာ မြူခိုးများထူထပ်စွာကျဆင်းနေသည့်အတွက် ယာဉ်မောင်းမှာ ဘတ်စ်ကားကို မထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း သတင်းက ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က ယင်းဘတ်စ်ကားအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပြီးနောက် ထွက်ပြေးသွားသော ယာဉ်မောင်းအား အမှုဖွင့်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
8 killed, 9 injured after bus runs over marriage party in Pakistan
Source: Xinhua| 2021-12-18 08:28:38|Editor: huaxia
ISLAMABAD, Dec. 18 (Xinhua) — A bus ran over a marriage party on Friday night in Pakistan’s eastern Punjab province, leaving eight people dead and nine others injured, local media and police said.
The uncontrolled bus crushed a group of people enjoying a marriage party in front of their house on the roadside near the Tahli Adda area of the Mandi Bahauddin district of Punjab, local police said.
Rescue teams and locals rushed the bodies and the injured to a nearby hospital.
The death toll is feared to rise as most wounded are in critical condition, said a hospital official.
The initial investigation revealed that the incident occured amid dense fog when the driver lost control of the bus, local media reported.
Police confiscated the bus and registered a case against the driver, who ran away after the accident. Enditem
Photo : GUJRANWALA, Aug. 9, 2021 (Xinhua) — Photo taken with mobile phone shows a burnt-out passenger van in Gujranwala district of Pakistan’s east Punjab province, Aug. 8, 2021. (Str/Xinhua)