Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် ရဲကားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၂ ယောက်သေဆုံး ၊ အခြား ၁၀ ယောက်ကျော် ဒဏ်ရာရ

အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တိုင်ပိုင်း Quettaမြို့တွင် ဩဂုတ် ၈ ရက် ညပိုင်းက ရဲကားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး အခြား ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဆေးရုံတာဝန်ရှိသူ နှင့် ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။Quetta မြို့ ပြည်သူ့ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ Waseem Baig က ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ် မြို့တော် Quetta မြို့ Unity Chowk နယ်မြေတွင်ဖြစ်ပွားသည့် ပေါက်ကွဲမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် ဩဂုတ် ၈ ရက်က ဗုံးခွဲတိုက်ခိုက်ခံရသည့်နေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်(ဆင်ဟွာ)

ရဲကားတစ်စီးသည် အခင်းဖြစ်နေရာသို့ လှည့်ကင်းထွက်နေစဉ် ဖောက်ခွဲရေးပစ္စည်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ယင်းနယ်မြေရှိ ရဲအရာရှိများက ဒေသတွင်း မီဒီယာသို့ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် ဩဂုတ် ၈ ရက်က ဗုံးခွဲတိုက်ခိုက်ခံရသည့်နေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်(ဆင်ဟွာ)

တိုက်ခိုက်ရေးသမားက ဆိုင်ကယ်တစ်စီးပေါ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းကိရိယာများတင်ဆောင်ကာ ရဲကားစီသို့ ဦးတည်မောင်းနင်၍ ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးသမားများက အခင်းဖြစ်နေရာသို့ အပြေးအလွှားသွားရောက်ခဲ့ကြောင်း နှင့် ဒဏ်ရာရသူများကို မြို့တွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် ဩဂုတ် ၈ ရက်က ဗုံးခွဲတိုက်ခိုက်ခံရသည့်နေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်(ဆင်ဟွာ)

လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာအနီးတစ်ဝိုက်တွင် ပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အုပ်စု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးချင်းစီက ၎င်းတို့လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးကြောင်း သိရသည်။( Xinhua)
———————————————–
(English Version)

2 policemen killed, over 10 injured as blast hits police vehicle in SW Pakistan

ISLAMABAD, Aug. 8 (Xinhua) — At least two policemen were killed and over 10 others injured when a blast went off in Pakistan’s southwest Quetta city on Sunday night, according to hospital and police officials.

Waseem Baig, spokesperson for the Civil Hospital Quetta, told Xinhua that at least 11 people including six policemen were injured in the blast that occurred near the Unity Chowk area of Quetta, the capital city of the country’s southwestern Balochistan province.

The attack happened when a police mobile on a routine patrol was passing by the blast site, the police officials in the area told local media.
Police said that explosive material was fixed in a motorbike, adding that the police vehicle was targeted in the attack.

Security forces and rescue teams rushed to the site and shifted the injured to the Civil Hospital in the city.
Security forces cordoned off the area and kicked off a search operation.

No group or individual has claimed the responsibility for the attack yet. Enditem

Photo (1)-An injured policeman is treated at a hospital in Quetta, southwestern Pakistan, on Aug. 8, 2021.
Photos (2,3,4) -Security personnel inspect a blast site in Quetta, southwestern Pakistan, on Aug. 8, 2021.