Connect with us

Asia

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ၌ လုံခြုံရေးအရာရှိများနှင့် ကယ်ဆယ်ရေးသမားများ လုပ်ငန်းဆောင်ရွက်နေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် လာဟိုးမြို့ရှိ လူနေအဆောက်အဦတစ်လုံးတွင် ဇွန် ၂၃ ရက်က ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး အခြား၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် Usman Buzdar က အတည်ပြုပြောကြားခဲ့သည်။အဆိုပါဧရိယာ၌ ရပ်နားထားသော ကားတစ်စီးအတွင်း ပေါက်ကွဲစေတတ်သောပစ္စည်း ၁၅-၂၀ ကီလိုဂရမ်ခန့် တပ်ဆင်ထားခြင်းကြောင့် ဖြစ်သည်ဟု ပေါက်ကွဲရခြင်းအကြောင်းအား လာဟိုးမြို့ ရဲတပ်ဖွဲ့ အဆင့်မြင့်ရဲမှူး (စုံစမ်းစစ်ဆေးရေး) Nadeem Abbas က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ၌ အမျိုးသမီးတစ်ဦး ငိုကြွေးနေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ၌ ပျက်စီးနေသည့် နေအိမ်တစ်လုံးကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ၌ လုံခြုံရေးအရာရှိများ စစ်ဆေးနေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ပေါက်ကွဲမှုမှာ အပြည့်အဝမီးလောင်သွားတဲ့ ကားပိုင်ရှင်ကို ခြေရာခံနေပြီး ဒီလောက်များပြားတဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေကို မြို့ထဲ ဘယ်လိုယူဆောင်လာခဲ့သလဲဆိုတာနဲ့ ဒါတွေကို ဖောက်ခွဲဖို့ စစ်သွေးကြွတွေက ဘယ်လိုလုပ်ဆောင်ခဲ့သလဲဆိုတာကို ကျွန်တော်တို့ စစ်ဆေးနေပါတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူများတွင် ဖခင်တစ်ဦးနှင့် အသက် ၆ နှစ်အရွယ် သားငယ်တစ်ဦးပါဝင်သလို ဒဏ်ရာရသူများတွင်လည်း အမျိုးသမီးများ၊ ကလေးများနှင့် ယင်းဧရိယာ၌ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်တစ်ဦး ပါဝင်ကြောင်း၊ ပေါက်ကွဲမှုကြောင့် ယင်းနေရာ၌ချိုင့်ကြီး ဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။

ဒဏ်ရာရသူများအား လာဟိုးမြို့ရှိ Jinnah ဆေးရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ယင်းအနက် လေးဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်းနှင့် ကျန် ၁၉ ဦးမှာ အခြေအနေတည်ငြဒဏ်ရာရသူများအား လာဟိုးမြို့ရှိ Jinnah ဆေးရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ယင်းအနက် လေးဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်းနှင့် ကျန် ၁၉ ဦးမှာ အခြေအနေတည်ငြိမ်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းနေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိသွားခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အဆိုပါ နေရာအား အဝင်အထွက်တားဆီးထားခဲ့ကြောင်း သိရသည်။

လာဟိုးမြို့ Johar Town ဧရိယာမှာ ပေါက်ကွဲမှုဖြစ်ပွားချိန် ဒေသစံတော်ချိန် နံနက် ၁၁:၂၀ နာရီခန့်တွင် ဖုန်းလက်ခံရရှိခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ကားများနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ သွားရောက်ခဲ့ကြောင်း အစိုးရမဟုတ်သော ကယ်ဆယ်ရေးအဖွဲ့ Edhi ဖောင်ဒေးရှင်း၏ ကိုယ်စားလှယ် Younis Bhatti က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ ဒဏ်ရာသူတွေ အများကြီးတွေ့ရတယ်။ တချို့ကတော့ စိုးရိမ်ဖွယ်ဒဏ်ရာတွေ ရတဲ့အတွက် ရွှေ့ပြောင်းလို့မရနိုင်ဘူး။ ပေါက်ကွဲမှုကြောင့် လမ်းမပေါ်မှာ ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲမှုက အားကောင်းလွန်းတဲ့အတွက် မော်တော်ယာဉ်သုံးစီး မီးလောင်ခဲ့ပြီး အနီးဝန်းကျင်က အိမ်နှစ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့တယ်” ဟု ဆိုသည်။

သေဆုံး၊ ဒဏ်ရာရသူများတွင် လန်ချားဆွဲသူတစ်ဦးနှင့် ကလေးကျောင်းကြိုလာသည့် ၎င်း၏မိသားစုဝင် အပါအဝင် လမ်းသွားလမ်းလာများ ဖြစ်ကြောင်း Bhatti က ပြောခဲ့သည်။

နေအိမ်များ ပျက်စီးခဲ့သည့် ပေါက်ကွဲမှုကြောင့် ဂတ်စ်ပိုက်လိုင်းလည်း ပေါက်ကွဲခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

လူမှုမီဒီယာပေါ်တွင် တင်ခဲ့သော ဗီဒီယိုတွင်မူ အိမ်ပိုင်ရှင်များအနက် တစ်ဦးက တည်ဆောက်ထားသည်မှာ ၆ နှစ်သာရှိသေးသည့် ၎င်း၏နေအိမ်သစ် ပျက်စီးသွားသည့်အတွက် သည်းထန်စွာငိုကြွေးနေသည်ကို တွေ့ရသည်။

ပန်ဂျပ်ပြည်နယ် ရဲတပ်ဖွဲ့ အထွေထွေစစ်ဆေးရေး အကြီးအကဲ Inam Ghani က ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ကြောင်းနှင့် ယခုလက်ရှိ ပြည်နယ်၏ မတူညီသည့်နေရာများ၌ ခြိမ်းခြောက် သတိပေးမှု ၆၅ ခုခန့် ရရှိထားခြင်းကြောင့် ပန်ဂျပ်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဥပဒေနှင့် ညွှန်ကြားချက်အခြေအနေများအား နိုးနိုးကြားကြားရှိကြရန် မီဒီယာအား ပြောကြားခဲ့သည်။

တိုက်ခိုက်မှုအတွင်း ပြင်ပအဖွဲ့အစည်း၏ ပါဝင်မှုလည်း ရှိခဲ့ကြောင်း ၎င်းက အရိပ်အမြွက်ပြောကြားခဲ့သည်။ “ဒီတိုက်ခိုက်မှုတွေက ပါကစ္စတန်နိုင်ငံနဲ့ နိုင်ငံရဲ့ တိုးတက်မှုတွေကို ထိခိုက်စေလိုတဲ့ နိုင်ငံတွေက လုပ်ဆောင်လေ့ရှိကြောင်း” ၎င်းက ဆိုသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးတစ်ယောက်စီ၏ လက်ချက်ဆိုသည်ကို မသိရှိရသေးကြောင်းနှင့် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————————
(English Version)

Bomb explosion leaves 3 killed, 23 injured in Pakistan’s Punjab

ISLAMABAD, June 23 (Xinhua) — Three people were killed and 23 others injured when a bomb went off in a residential-cum-commercial area in capital city Lahore of Pakistan’s eastern Punjab province on Wednesday, Chief Minister of Punjab Usman Buzdar confirmed.

Talking to Xinhua about the nature of the blast, Senior Superintendent of Police (Investigation) of the city Nadeem Abbas said that about 15-20 kg of explosives were fixed in a car parked in the area.

“We are tracing the owner of the car which has been completely burnt in the explosion and checking how the vehicle carrying so many explosives sneaked into the city and how did the militants manage to explode it,” he said.

The officer said that the killed included a father and his six-year-old son while the injured included women, kids and a policeman guarding the area, adding that the blast also left a large crater at the site.

The injured have been shifted to Jinnah Hospital, Lahore where four of them are in critical condition while the condition of the remaining 19 is stable, he added.
Police and rescue teams rushed to the site following the explosion and the area was cordoned off by the law enforcement agencies for investigation.
Younis Bhatti, a representative of a non-governmental rescue organization Edhi Foundation, told Xinhua that they received a call at about 11:20 a.m. local time about a blast hitting the Johar Town area of the city and they moved their ambulances and rescue workers to the site.

“When we reached there, many were injured while a few others were unable to move due to serious injuries. There was a large crater on the road and the impact of the blast was so strong that it caused fire in three vehicles and partially damaged two nearby houses.”

Bhatti said that most of the victims were passers-by including a rickshaw driver and his family who were going back to home after picking kids from school.

He added that a gas pipeline also burst following the explosion which caused damage to the houses.In a video going viral on social media, the owner of one of the houses was seen crying in desperation over the damage of his “new house” which he “built only six years ago.”

Inspector General of Punjab Police Inam Ghani reached the site following the explosion, and told media that the Punjab police is vigilant to maintain the law and order situation in the province and “right now, we have about 65 threat alerts” in different parts of the province.

He also hinted at involvement of an external element in the attack. “These attacks are usually carried out by countries that want to harm Pakistan and its progress.”

No group or individual has claimed the attack yet, and further investigation into the incident is underway. Enditem

1- Security officials and rescuers work at the site of a blast in Lahore, Pakistan on June 23, 2021. A powerful explosion ripped through a residential area in Lahore, the capital city of Pakistan’s eastern Punjab province, killing at least two people and injuring 15 others, an official said on Wednesday. (Photo by Sajjad/Xinhua)

2- A woman mourns at the site of a blast in Lahore, Pakistan on June 23, 2021. A powerful explosion ripped through a residential area in Lahore, the capital city of Pakistan’s eastern Punjab province, killing at least two people and injuring 15 others, an official said on Wednesday. (Photo by Sajjad/Xinhua)

3- A damaged house is seen at the site of a blast in Lahore, Pakistan on June 23, 2021. A powerful explosion ripped through a residential area in Lahore, the capital city of Pakistan’s eastern Punjab province, killing at least two people and injuring 15 others, an official said on Wednesday. (Photo by Sajjad/Xinhua)

4- Security officials inspect the site of a blast in Lahore, Pakistan on June 23, 2021. A powerful explosion ripped through a residential area in Lahore, the capital city of Pakistan’s eastern Punjab province, killing at least two people and injuring 15 others, an official said on Wednesday. (Photo by Sajjad/Xinhua)