Connect with us

Africa & Middle East

ပီရူးနိုင်ငံ၌ စက်လှေမတော်တဆမှုကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာ

Huallaga မြစ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

လီမာ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ Yurimaguas ခရိုင် Huallagaမြစ်အတွင်း၌ စက်လှေနှစ်စင်းတိုက်မိခြင်းကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီးအခြား ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက သြဂုတ် ၂၉ ရက်တွင်ပြောသည်။
တစ်ချိန်တည်းမှာပင် အမည်မသိ ခရီးသည်တချို့ ပျောက်ဆုံးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန အရေးပေါ်ခွဲစိတ်ရေးဌာနမှ သိရသည်။

အဆိုပါမတော်တဆမှုသည် သြဂုတ် ၂၉ ရက် နံနက်အစောပိုင်း ဒေသစံတော်ချိန် ၄း၂၀ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ Santa Maria မှ Yurimaguas သို့ ဦးတည်မောင်းနှင်လာသည့် လူ ၈၀ ခန့် လိုက်ပါလာသော စက်လှေနှင့် မော်တော်စက်လှေတစ်စင်းတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဘာသာရေးပွဲတစ်ခုအပြီး Yurimaguas မြစ်ကြောင်းအတိုင်း နေအိမ်ပြန်ကြမည့် ကလေးငယ် ၂၀ ဦးအပါအဝင် စက်လှေပေါ်လိုက်ပါလာသူများသည် အိပ်ပျော်နေကြကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။

ပီရူးရေတပ်မှ တပ်ဖွဲ့ဝင်များနှင့် ကဏ္ဍအလိုက်အရေးပေါ်ခွဲစိတ်မှု စင်တာမှ ကနဦးကယ်ဆယ်ရေးအဖွဲ့ ၃ ဖွဲ့ ၊ ကျန်းမာရေးဝန်ထမ်းများ၊ နည်းပညာအဖွဲ့နှစ်ဖွဲ့၊ နှင့် ဆေးရုံကားတစ်စင်းသည် အခင်းဖြစ်ပွားနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ မတော်တဆမှု နှင့်ပတ်သက်၍ ဒေသခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
At least 11 dead, 6 injured after boat accident in Peru
LIMA, Aug. 29 (Xinhua) — At least 11 people died and 6 others were injured after two boats collided on the Huallaga River in the Peruvian district of Yurimaguas, authorities said Sunday.
Meanwhile, an unknown number of passengers were missing, according to the Sectorial Emergency Operations Center of the Ministry of Health.
The accident occurred at 4:20 local time on early Sunday morning when a barge, which had left with around 80 people onboard from Santa Maria to Yurimaguas, was hit by a motorboat.
The people on the barge, including about 20 children, were asleep while returning to Yurimaguas after a religious event, local media reported.
Members of the Peruvian Navy and the Sectorial Emergency Operations Center arrived on the scene with three initial rescue brigades, health staff, two technical teams and an ambulance. Local police have started an investigation into the accident. Enditem