Connect with us

China

ပေကျင်းအိုလံပစ်အား သံတမန်ရေးရာသပိတ်မှောက်ခြင်းဟူ၍ ပြောဆိုမှုကို ရုရှားအစိုးရ အရာရှိကန့်ကွက်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့ Shougang ဥယျာဉ်ရှိ အိုလံပစ်မီးတောက်ပြခန်းတွင် ပြသထားသော ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်အတွက် အိုလံပစ်မီးတောက်အား ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

နိုင်ငံအချို့က ၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်အား သံတမန်ရေးရာသပိတ်မှောက်ခြင်းဟူ၍ ပြောဆိုနေခြင်းကို ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dmitry Chernyshenko က ပယ်ချလိုက်ကြောင်း သိရသည်။

ရုရှားနိုင်ငံအစိုးရတွင် အားကစား ၊ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းအား ကြီးကြပ်ကွပ်ကဲသူ ဒုတိယဝန်ကြီးချုပ် Dmitry Chernyshenko က သပိတ်မှောက်ခြင်း ပြောဆိုမှုအတွက် ကျယ်ပြန့်သည့်ထောက်ခံမှု ကင်းမဲ့နေကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် အလေးအနက် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ အဆင့်မြင့်အရာရှိများအနေဖြင့် အားကစားပွဲအတွက် အခိုင်အမာထောက်ခံကြောင်း ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပြီးဖြစ်သည်။ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က တရုတ်နိုင်ငံသို့ သွားရောက်ကာ ပေကျင်းဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ရန်မျှော်လင့်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။ (Xinhua)

————————————
(English Version)
Russian official opposes so-called “diplomatic boycott” of Beijing Olympics
MOSCOW, Dec. 29 (Xinhua) — Russian Deputy Prime Minister Dmitry Chernyshenko has rejected the “diplomatic boycott” of the 2022 Beijing Winter Olympics by certain countries.
There is a lack of broad support for the so-called boycott, Chernyshenko, who oversees sports, culture and tourism in the Russian government, stressed on Tuesday. Russian senior officials have repeatedly voiced firm support for the sporting event.
Russian President Vladimir Putin has said he looks forward to his upcoming visit to China and attending the opening ceremony of the Beijing Winter Olympics. ■
Photo – The Olympic flame for the 2022 Beijing Winter Olympics is on display on the Flame Exhibition Tour at Shougang Park in Beijing, capital of China, on Dec. 13, 2021. (Xinhua/Zhang Chenlin)