Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် အားကောင်းသောမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံး၊ ၃၁ ဦးပျောက်ဆုံးနေ

မနီလာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၆ ရက်မှစ၍ အားကောင်းသော မုန်တိုင်းကြောင့် လူ ၃ ဦးထက်မနည်းသေဆုံးပြီး ၃၁ ဦး ပျောက်ဆုံးနေကြောင်း အစိုးရအေဂျင်စီက စက်တင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။Conson အပူပိုင်းမုန်တိုင်းသည် မက်ထရိုမနီလာနှင့် အခြားဒေသ ၅ ခုရှိ ပြည်သူ ၈၄,၀၀၀ နီးပါးအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း၊ လူပေါင်း ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီက ပြောခဲ့သည်။

ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်ရှိ နေရာများစွာ၌ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း အေဂျင်စီက ဖြည့်စွက်ဖော်ပြခဲ့သည်။ လေပြင်းတိုက်ခတ်မှုများကြောင့်လည်း လျှပ်စစ်မီးတိုင်များ ပြိုလဲခြင်းနှင့် အိမ်ခေါင်မိုးများ လွင့်သွားခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ဆိုသည်။

ပျောက်ဆုံးနေသူများတွင် အစိုးရ၏ သတိပေးချက်အား လျစ်လျူရှုကာ လှိုင်းကြမ်းသည့်ပင်လယ်ပြင်အတွင်း ငါးဖမ်းထွက်ကြသော တံငါသည်များလည်း ပါဝင်ကြောင်း သဘာဝဘေးအေဂျင်စီက ပြောကြားခဲ့သည်။

“မုန်တိုင်းဒဏ်သင့်နေရာတွေမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး ပြန်လည်ရရှိဖို့ နဲ့ လမ်းတွေကို ရှင်းလင်းဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Harry Roque က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ယခုအခါ အဓိကကျွန်းတစ်ခုဖြစ်သော လူဇုံကျွန်းမြောက်ပိုင်း၌ ဝင်ရောက်တိုက်ခတ်လျက်ရှိသော Chanthu တိုင်ဖွန်းမုန်တိုင်းကိုလည်း စောင့်ကြည့်လျက်ရှိပြီး ယင်းမုန်တိုင်းသည် စက်တင်ဘာ ၁၁ ရက်၌ နိုင်ငံအတွင်းမှ ထွက်ခွာသွားလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)
————————————————-
(English Version)

3 dead, 31 missing as severe storm hits Philippines

MANILA, Sept. 9 (Xinhua) — At least three people died and 31 went missing in a powerful storm that lashed the Philippines since Monday, a government agency said on Thursday.
The National Disaster Risk Reduction and Management Council said tropical storm Conson affected nearly 84,000 people in Metro Manila and five other regions. Over 10,000 people have been evacuated to safety.

Days of heavy rains triggered flooding and landslides in several areas along the storm path, the agency added. Local officials said strong winds also toppled electric posts and blew away roofs.
The disaster agency said the missing people included fishermen who ignored the government warning and went fishing despite the rough seas.

“Power and communication restoration and clearing operations of roads are ongoing in affected areas,” presidential spokesperson Harry Roque said in a statement.

The Philippines is also monitoring typhoon Chanthu, which is now battering the northern part of the main Luzon island and is expected to leave the country on Saturday. Enditem
Photo : A man looks at a house submerged in floodwaters brought by the heavy rains from typhoon Goni in Albay Province, the Philippines, Nov. 1, 2020. (Str/Xinhua)