Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ စစ်တပ်ရဟတ်ယာဉ် ပျက်ကျမှုအတွင်း ၆ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ Tarlac ပြည်နယ်၌ ၂၀၁၉ ခုနှစ် ဧပြီလက ပြုလုပ်သော စစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်း စစ်တပ်ရဟတ်ယာဉ်တစ်စင်းအား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၏ မြောက်ဘက်၌ အသစ်ဝယ်ယူထားသော S-70i Black Hawk ဘက်စုံသုံးရဟတ်ယာဉ်များထဲမှ တစ်စင်းသည် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး အမှုထမ်း ၆ ဦး သေဆုံးကြောင်း ဖိလစ်ပိုင်လေတပ်(PAF)က ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။“အခုထိ အသက်ရှင် ကျန်ရစ်သူ ရှာမတွေ့ပါဘူး ၊ ရဟတ်ယာဉ်အမှုထမ်းတွေရဲ့အထောက်အထားတွေကို တတ်နိုင်သမျှ အမြန်ဆုံး သူတို့ရဲ့ မိသားစုဝင်တွေကို အသေအချာ အကြောင်းကြားပေးသွားမှာပါ။”ဟု ဖိလစ်ပိုင်လေတပ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အဆိုပါရဟတ်ယာဉ်သည် Tarlac ပြည်နယ် Capas မြို့ လေတပ်အခြေစိုက်စခန်းမှ မိုင်အနည်းငယ်တွင် ညအချိန်ပျံသန်းရေး လေ့ကျင့်မှုများ ပြုလုပ်နေစဉ်အတွင်း ဒေသစံတော်ချိန် ည ၁၀ နာရီခန့်က ပျက်ကျသွားခဲ့ကြောင်း ဖိလစ်ပိုင်လေတပ်ထံမှ သိရသည်။

ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ပျက်ကျမှုတွင် “ရဟတ်ယာဉ်ပေါ်ရှိ ရဟတ်ယာဉ်မောင်းသုံးဦးနဲ့ ရဟတ်ယာဉ်အမှုထမ်း သုံးဦး သေဆုံးခဲ့ပါတယ်။”ဟု သီးခြားထုတ်ပြန်ချက် တစ်ရပ်တွင် ပြောကြားခဲ့သည်။ ယင်းရဟတ်ယာဉ်သည် Tarlac ပြည်နယ် Crow တောင်ကြားအနီးဝန်းကျင်၌ ပျက်ကျသွားခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်သည် အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ဇွန် ၂၃ ရက်ည နှောင်းပိုင်းတွင် ရှာဖွေမှုများ စတင်ခဲ့ကြောင်း ဖိလစ်ပိုင်လေတပ်က ပြောကြားခဲ့သည်။ (Xinhua)
———————————————
(English Version)

6 die in Philippine military’s helicopter crash

MANILA, June 24 (Xinhua) — The Philippine Air Force (PAF) said on Thursday that one of its newly acquired S-70i Black Hawk utility helicopters crashed north of Manila on Wednesday night, killing six crew members.

“So far, no survivors have been found. The identities of the aircrew members will be provided as soon as the members of their families are properly notified,” the PAF said in a statement.

The helicopter went down around 10 p.m. local time while on a night flight training a few miles from an airbase in Capas town in Tarlac province, said the PAF.
In a separate statement, Defense Secretary Delfin Lorenzana said “three pilots and three airmen on board perished” in the crash. He added the helicopter crashed in the vicinity of Crow Valley in Tarlac province.

The PAF said it launched a search late Wednesday night after the helicopter did not return to the base. Enditem
Photo – A military helicopter of the Philippine Air Force participates in a live fire exercise as part of the Philipines-U.S. Balikatan 2019 in Tarlac Province, the Philippines, April 10, 2019. The Philippines and the United States began on April 1 their biggest annual joint military exercise known as Balikatan, or Shoulder-to-Shoulder. Exercise spokesman for the Philippines Lt. Cmdr. Liez Vidallon has said there are around 7,500 participating troops, consisting of some 4,000 Philippine troops and 3,500 U.S. troops, in this year’s drills. (Xinhua/Rouelle Umali)