Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ Robredo သည် ၂၀၂၂ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

မနီလာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ Maria Leonor Robredo က ၎င်းအနေဖြင့် သမ္မတနေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်တွင် ပြောကြားလိုက်သည်။“ကျွန်မယှဉ်ပြိုင်မယ်။ ကျွန်မတို့ ယှဉ်ပြိုင်ကြမယ်။ ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲ မှာ သမ္မတနေရာအတွက် ကျွန်မအရွေးခံမယ်’’ ဟု အသက် ၅၆ နှစ်အရွယ် ရှိ Robredo က အွန်လိုင်းတွင် ကြေညာခဲ့သည်။
အတိုက်အခံညွန့်ပေါင်းအဖွဲ့ဖြစ်သည့် 1Sambayan အဖွဲ့က Robredo အား သမ္မတလောင်းအဖြစ်ထောက်ခံခဲ့သည်။

Robredo သည် အခြားသော သမ္မတလောင်းယှဉ်ပြိုင်သူများနှင့်အတူ စည်းလုံးညီညွတ်သောအတိုက်အခံပါတီတစ်ခုတည်ထောင်ရန် ကြိုးပမ်းပြီးနောက် ၎င်း၏ကြေညာချက်ကို ရွှေ့ဆိုင်းခဲ့သော်လည်း ၎င်း၏ ကြိုးပမ်းမှုများမှာ အောင်မြင်မှုမရရှိခဲ့ပေ။

လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံကြမည့် နိုင်ငံရေးသမားများအတွက် တစ်ပတ်ကြာအချိန်ပေးထားသော လျှောက်လွှာတင်သွင်းခွင့် နောက်ဆုံးပိတ်ရက်ဖြစ်သည့် သောကြာနေ့မတိုင်မီ Robredo သည် ၎င်း၏ ကိုယ်စားလှယ်လောင်းလျှောက်လွှာအား တင်သွင်းမည်ဟုမျှော်လင့်ရကြောင်း သိရသည်။ (Xinhua)

————————————————-
(English Version)

Philippine vice president Robredo to run in 2022 elections

MANILA, Oct. 7 (Xinhua) — Philippine Vice President Maria Leonor Robredo said on Thursday that she will run for president in the May 2022 elections in the Southeast Asian country.
“I will fight. We will fight. I am running for president in the 2022 elections,” Robredo, 56, said in an online announcement.

The opposition coalition 1Sambayan endorsed Robredo to be its presidential candidate.
Robredo had delayed her announcement after trying to forge a united opposition slate with other presidential contenders, but her efforts failed.
Robredo is expected to file her certificate of candidacy before Friday, the deadline for the week-long submission of certificates of candidacy for politicians who plan to run in next year’s elections. Enditem