Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် ရပ်ရွာလူထုအတွင်း အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ ပထမဆုံးတွေ့ရှိ

ဟိုချီမင်းစီးတီး၊ ဗီယက်နမ်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် ပထမဆုံး COVID-19 အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု သုံးဦးသည် ဟိုချီမင်းစီးတီး (HCMC) မှ ဖြစ်သည်ဟု အတည်ပြုခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဇန်နဝါရီ ၁၉ ရက်၌ သတင်းဖော်ပြခဲ့သည်။အဆိုပါ သုံးဦးသည် မကြာသေးမီက အမေရိကန်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်လာသော နောက်ထပ် COVID-19 လူနာနှင့် ဆက်စပ်သူများဖြစ်ကြောင်း HCMC ရောဂါထိန်းချုပ်ရေးစင်တာအရ သိရသည်။

၎င်းတို့သည် ဆေးကုသမှုခံယူရန် ပုဂ္ဂလိကဆေးခန်းသို့ မလာရောက်မီ လည်ချောင်းနာခြင်းနှင့် နှာစေးခြင်း အပါအဝင် ရောဂါလက္ခဏာများ ခံစားခဲ့ရသည်။ polymerase chain reaction (PCR) စစ်ဆေးမှုနှင့် မျိုးရိုးဗီဇအစီအစဉ် အတွက် ပေးပို့ထားသော ၎င်းတို့၏ နမူနာများတွင် မျိုးဗီဇပြောင်းဗိုင်းရပ်စ်အဖြစ် ဇန်နဝါရီ ၁၈ ရက်က အတည်ပြုခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးစင်တာက ပြောကြားခဲ့သည်။

အဆိုပါ လူနာများသည် ယခုအခါ သီးသန့်ခွဲခြားနေထိုင်လျက်ရှိပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်လျက်ရှိကြောင်း သတင်းက ဆိုသည်။ အာဏာပိုင်များက ၎င်းတို့နှင့် အနီးကပ်ထိတွေ့မှုရှိသူများကို ခွဲခြားခြင်းနှင့် ရောဂါတုန့်ပြန်ရေးဆောင်ရွက်ချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် COVID-19 စစ်ဆေးမှုနမူနာများကို ယူဆောင်ထားကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှု ၇၀ ဦးရှိပြီဖြစ်ကြောင်း၊ ယင်းအနက် ၃၀ ဦးမှာ ဟိုချီမင်းစီးတီးမှ ဖြစ်ကြောင်း၊ သို့ရာတွင် လူနာများအားလုံးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြပြီး ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလျှင်ရောက်ချင်း အသွားအလာ တင်းကြပ်စွာ အသွားအလာကန့်သတ်နေထိုင်လျက်ရှိကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဧပြီလကုန်ပိုင်းမှစ၍ ကူးစက်မြန် ဒယ်လ်တာ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် လက်ရှိရင်ဆိုင်နေရသည့် ရောဂါလှိုင်း၌ ရောဂါကူးစက်မှု ၂ သန်းကျော်ရှိခဲ့ရာ ဇန်နဝါရီ ၁၈ ရက်အထိ COVID-19 ရောဂါကူးစက်မှု ၂,၀၆၂,၁၂၈ ဦးအထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားသည်။ (Xinhua)

…………………………………………
(English Version)

Vietnam confirms 1st Omicron variant infections in community

Source: Xinhua| 2022-01-19 13:30:49|Editor: huaxia
HO CHI MINH CITY, Vietnam, Jan. 19 (Xinhua) — The first three locally transmitted COVID-19 cases of the Omicron variant in Vietnam have been confirmed in its southern Ho Chi Minh City (HCMC), Vietnam News Agency reported Wednesday.

The three people were all related to another COVID-19 patient who recently entered Vietnam from the United States, according to the HCMC Center for Disease Control.

They had symptoms including sore throat and runny nose before coming to a private clinic for treatment. Their samples, which were sent for polymerase chain reaction (PCR) tests and genome sequencing, were confirmed Tuesday as positive with the new variant, said the disease control center.

The patients are now being quarantined and in stable health conditions, said the report. Competent authorities are identifying their close contacts and taking samples for COVID-19 tests as part of response measures.

Earlier on Tuesday, the Vietnamese Ministry of Health said 70 Omicron variant infections had been detected nationwide, including 30 in the HCMC. However, the patients were all returnees from abroad and have been strictly quarantined upon arrival in Vietnam.

As of Tuesday, Vietnam has confirmed 2,062,128 COVID-19 infections, with over 2 million cases detected in the current wave triggered by the contagious Delta variant since late April 2021, according to its health ministry. ■

Photo : People take certificates of the completion of quarantine at a quarantine facility in Vietnam’s northern province of Hoa Binh on March 18, 2020. As of Wednesday noon, a total of 68 infection cases have been reported in Vietnam. (VNA/Handout via Xinhua)