Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19အတည်ပြုလူနာသစ် ၁၁,၀၀၀ ကျော်ဖြင့် နေ့စဉ်တွေ့ရှိမှုမြင့်တက်လျက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ဖေဖော်ဝါရီ ၇ ရက်က အမျိုးသမီးတစ်ဦး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူနေစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဇူလိုင်၆ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် COVID-19 အတည်ပြုလူနာသစ် ၁၁,၅၂၅ ဦး တွေ့ရှိခဲ့ကြောင်း၊ နေ့စဉ်တွေ့ရှိမှုတွင်အမြင့်ဆုံးဖြစ်ပြီး စုစုပေါင်းရောဂါဖြစ်ပွားသူဦးရေ ၉၆၆,၄၀၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ဆောင်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာန (DGHS)က ဇူလိုင် ၆ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။တရားဝင်စားရင်းဇယားများအရ ဇူလိုင်၆ ရက်တွင် ထပ်မံသေဆုံးသူ ၁၆၃ ဦးရှိကြောင်း၊ စုစုပေါင်းသေဆုံးသူ ဦးရေ ၁၅,၃၉၂ ဦး ထိမြင့်တက်လာကြောင်းနှင့် လွန်ခဲ့သော ၂၄ နာရီအတွင်း နိုင်ငံ၌ ဓာတ်ခွဲနမူနာပေါင်း ၃၆,၆၃၁ ခုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇူလိုင်၆ ရက်တွင် ရောဂါမှ ပြန်လည်သက်သာလာသူ ၅,၄၃၃ ဦးအပါအဝင် တစ်နိုင်ငံလုံး၌ စုစုပေါင်း ရောဂါပျောက်ကင်းသူပေါင်း ၈၄၄,၅၁၅ ဦး ရှိပြီဖြစ်ကြောင်း DGHS ကဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သေဆုံးသည့်နှုန်းမှာ ၁.၅၉ ရာခိုင်နှုန်းရှိကြောင်းနှင့် လတ်တလောတွင် ပြန်လည်ကျန်းမာလာသည့်နှုန်းမှာ ၈၇.၃၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့်လ မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 အတည်ပြုလူနာများ ထပ်မံမြင့်တက်ခဲ့ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် ဗိုင်းရပ်စ်ကူးစက်မှုအားထိန်းချုပ်ရန် ဇူလိုင် ၁ ရက်မှ စ၍ ရက်သတ္တပတ် ၁ ပတ်ကြာ lockdown သတ်မှတ်ရန်ကြေညာခဲ့ပြီး ၎င်းအား ဇူလိုင် ၁၄ ရက်အထိ ထပ်မံသက်တမ်းတိုးခဲ့သည်။ (Xinhua)

#ဘင်္ဂလားဒေ့ရှ် #ဒါကာ #ဆင်ဟွာ
#Bangladesh #Dhaka #Xinhua #Myanmar #XinhuaMyanmar

—————————————————-
(English Verion)

Bangladesh posts highest daily spike of over 11,000 new COVID-19 cases

DHAKA, July 6 (Xinhua) — Bangladesh reported 11,525 new cases of COVID-19 as of 8:00 a.m. local time Tuesday, the highest daily spike, bringing the tally to 966,406, the Directorate General of Health Services (DGHS) said Tuesday evening.

The official data also showed 163 more deaths were recorded Tuesday, raising the death toll to 15,392, and 36,631 samples were tested in the last 24 hours across the country.
The total number of recovered patients in the country stood at 844,515 including 5,433 new recoveries on Tuesday, said the DGHS.

According to the official data, the fatality rate in Bangladesh is now 1.59 percent and the current recovery rate fell to 87.39 percent.
The confirmed cases of COVID-19 have been rising again in Bangladesh since last month. To curb the virus transmission, the Bangladeshi government announced the imposition of a one-week strict lockdown from July 1 which was subsequently extended to July 14. Enditem