Connect with us

International Organizations

ဘူဂေးရီးယားနိုင်ငံရှိ ဆေးရုံမီးလောင်မှုတွင် လူနာ ၃ ဦးသေဆုံး

ဘူဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့ရှိ ကာကွယ်ဆေးထိုးနှံသည့် နေရာတစ်ခု၌ ကာကွယ်ဆေးထိုးနှံရန် စောင့်ဆိုင်းနေသူများအား မေလ ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဆိုဖီယာ ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ဘူဂေးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Sliven မြို့ရှိ ဆေးရုံတစ်ခု၌ နိုဝင်ဘာ ၁၄ ရက်တွင် မီးလောင်မှုဖြစ်ပွားရာ လူနာ ၃ ဦး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းမီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၃၉ မိနစ်(ဂရင်းနစ်စံတော်ချိန် ၀၀၃၉)တွင် COVID-19 လူနာဆောင် တစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ မီးဘေးလုံခြုံရေး ညွှန်ကြားရေးမှူး Vladimir Demirev က သတင်းထောက်များအား ပြောကြားခဲ့သည်။

မီးသတ်သမားများက လူနာဆောင်အတွင်း လူနာ ၂ ဦး သေဆုံးနေသည်ကို တွေ့ရှိပြီး အခြားလူနာတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားကြောင်း Demirev က ဖြည့်စွက်ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မီးဘေးလုံခြုံရေး ညွှန်ကြားရေးမှူး Vladimir Demirev က ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
3 killed in Bulgarian hospital fire
SOFIA, Nov. 14 (Xinhua) — Three patients were killed on Sunday when a fire broke out in a hospital in Bulgaria’s southeastern town of Sliven, officials said.
The fire broke out at 2.39 a.m. local time (0039 GMT) in a COVID-19 ward, regional fire safety director Vladimir Demirev told reporters.
Two patients were found dead in the ward by firefighters, and another patient was taken to hospital but died later, Demirev added.
An investigation is underway into the cause of the fire, he said. Enditem
Photo – People wait to get administered against COVID-19 at a vaccination site in Boris Park, Sofia, Bulgaria, May 29, 2021.
The Bulgarian government on Wednesday extended the nationwide epidemic emergency until July 31, the cabinet said in a statement. Meanwhile, vaccinations have been picking up pace, with 1.283 million doses administered so far. (Xinhua/Lin Hao)