Connect with us

Politics, Law & Military

ဘူလ်ဂေးရီးယားနိုင်ငံ သမ္မတအဖြစ် Radev ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ရှီက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဘူလ်ဂေးရီးယားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့်အတွက် Rumen Radev အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၂ ရက်တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
တရုတ်နိုင်ငံ နှင့် ဘူလ်ဂေးရီးယားတို့သည် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုရှိကြောင်း၊ မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံအကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းလာကာ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများမှာလည်း ချောမွေ့စွာ တိုးတက်လျက်ရှိကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှုအား ရင်ဆိုင်နေရစဉ် နှစ်နိုင်ငံသည် အတူတကွ ရပ်တည်ခဲ့ပြီး အပြန်အလှန် ကူညီကာ တရုတ်-ဘူလ်ဂေးရီးယား ချစ်ကြည်ရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လျက်ရှိကြောင်း ရှီ၏ သဝဏ်လွှာတွင် ဖြည့်စွက်ဖော်ပြထားသည်။
တရုတ်-ဘူလ်ဂေးရီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အလွန်အရေးကြီးကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြှင့်တင်ရန် Radev နှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်မားသော ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရန် နှင့် တရုတ်-ဘူလ်ဂေးရီးယား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် တိုးတက်မှုအသစ်များရရှိရန် အခွင့်အလမ်းအဖြစ် တရုတ်နိုင်ငံနှင့် အလယ်ပိုင်းနှင့် အရှေ့ဥရောပနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ သို့မှသာ နှစ်နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးကျေးဇူးများ ဖန်တီးရန် ရှီက အကြံပြုခဲ့သည်။ (Xinhua)

………………………………………………

(English Version)
Xi congratulates Radev on reelection as Bulgarian president

BEIJING, Jan. 22 (Xinhua) — Chinese President Xi Jinping on Saturday sent a congratulatory message to Rumen Radev on the latter’s reelection as president of the Republic of Bulgaria.

China and Bulgaria enjoy a traditional friendship, Xi said, noting that in recent years their political mutual trust has grown deeper and practical cooperation in various fields have been advancing smoothly.

Facing the challenge of the COVID-19 pandemic, the two countries have stood together and helped each other, writing a new chapter of China-Bulgaria friendship, he added.

Xi said he attaches great importance to the development of China-Bulgaria relations, and stands ready to work with Radev to further promote bilateral ties.

He suggested that the two sides take high-quality Belt and Road cooperation and cooperation between China and Central and Eastern European countries as an opportunity to push for new progress in the China-Bulgaria strategic partnership, so as to create benefits for both countries and their people. Enditem