Connect with us

Europe

မှားယွင်းတွက်ချက်မှုအား ကာကွယ်ရန် အမေရိကန်နှင့် ရုရှားကြား စစ်ဘက်ဆိုင်ရာ အရေးပေါ်ဆက်သွယ်ရေးလိုင်း ထူထောင်

Donetsk တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား မတ် ၁ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအတွင်း မှားယွင်းတွက်ချက်မှုမဖြစ်စေရန် ရည်ရွယ်၍ စစ်ဘက်ဆိုင်ရာ အရေးပေါ်လိုင်းတစ်ခု ထူထောင်လိုက်ကြောင်း အမေရိကန် မီဒီယာက မတ် ၃ ရက်၌ သတင်းဖော်ပြထားသည်။“အရေးပေါ်ကိစ္စ ဒါမှမဟုတ် အရေးပေါ်အခြေအနေမှာ ရုရှားဘက်နဲ့ အရေးကြီးတဲ့ လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ ချန်နယ်ပေါင်းများစွာကို ထိန်းသိမ်းဆောင်ရွက်နေပါတယ်” ဟု အမည်မဖော်လိုသူ အမေရိကန် ကာကွယ်ရေးအရာရှိ၏ ပြောကြားချက်အား ကိုးကား၍ Wall Street Journal က မတ် ၃ ရက်၌ သတင်းဖော်ပြခဲ့သည်။

“ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကြား မှားယွင်းတွက်ချက်မှု၊ စစ်ဘက်ဆိုင်ရာဖြစ်ရပ်တွေနဲ့ စစ်ရေးအရှိန်မြှင့်တင်မှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ မတ် ၁ ရက်မှာ ပဋိပက္ခလျှော့ချရေးလိုင်းတစ်ခုကို ထူထောင်ခဲ့ပါတယ်” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

“အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် မှားယွင်းတွက်ချက်မှု အန္တရာယ်ကို မှတ်သားထားပြီး ဒီလိုအန္တရာယ်တွေကို လျှော့ချဖို့အဆင့်တွေကို ဆောင်ရွက်သွားဖို့ ဒါက အရေးကြီးပါတယ်” ဟု ပင်တဂွန် စစ်ဌာနချုပ် ပြန်ကြားရေးမှူး ဂျွန်ကာဘီ (John Kirby) က မတ် ၃ ရက်၌ ပြုလုပ်သော တင်းမာမှုအခိုက်အတန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အမေရိကန် တပ်ဖွဲ့များသည် “စေ့စပ်ညှိနှိုင်းတာမျိုး လုပ်မှာမဟုတ်သလို ယူကရိန်းရှိ ပဋိပက္ခအတွင်း ရုရှားတပ်ဖွဲ့များနှင့် စေ့စပ်ညှိနှိုင်းမှာမဟုတ်ကြောင်း” အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က မတ် ၁ ရက်တွင် ပြုလုပ်သော နိုင်ငံတော်အခြေပြမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

…………………………………………

(English Version)

U.S., Russia establish military hotline to prevent miscalculation

Source: Xinhua| 2022-03-04 16:11:31|Editor: huaxia
WASHINGTON, March 3 (Xinhua) — The United States and Russia have established a military hotline aimed at preventing miscalculation during the ongoing Russia-Ukraine military conflict, U.S. media outlets reported Thursday.

“The United States retains a number of channels to discuss critical security issues with the Russians during a contingency or emergency,” an anonymous senior U.S. defense official was quoted by the Wall Street Journal on Thursday.

“The Department of Defense recently established a deconfliction line with the Russian Ministry of Defense on March 1 for the purposes of preventing miscalculation, military incidents, and escalation,” the official said.

On Wednesday, Pentagon Press Secretary John Kirby told a briefing that at this moment of tension, it is critical that “both the United States and Russia bear in mind the risk of miscalculation, and take steps to reduce those risks.”

U.S. forces “are not engaged and will not engage in conflict with Russian forces in Ukraine,” said U.S. President Joe Biden in his State of the Union address on Tuesday. ■
Photo : Photo taken on March 1, 2022 shows armed personnel in Donetsk. (Photo by Victor/Xinhua)