Connect with us

Latin America

လစ်သူယေးနီးယားနိုင်ငံ Rukla မြို့ရှိ အခြေစိုက် စစ်စခန်းသို့ ဂျာမန် သမ္မတ သွားရောက်

Frank-Walter Steinmeier အား ဂျာမနီနိုင်ငံ သမ္မတအဖြစ် ပြန်လည်အရွေးခံရပြီးနောက် မြို့တော် ဘာလင်တွင် ပြုလုပ်သည့် ၁၇ ကြိမ်မြောက် ဖက်ဒရယ်ညီလာခံ၌ ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်က မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဗွီနီးယက်စ်၊ မတ် ၄ ရက် (ဆင်ဟွာ)

ဂျာမန်သမ္မတ Frank Walter Steinmeier သည် လစ်သူယေးနီးယားနိုင်ငံ ခရီးစဉ်အတွင်း မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) ဦးဆောင်သော အရှေ့ဘက်သို့ စစ်အင်အားတိုးချဲ့ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် Rukla မြို့ရှိ စစ်အခြေစိုက်စခန်း၌ စခန်းချနေသော ဂျာမန်တပ်ဖွဲ့ဝင်များထံ မတ် ၃ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။Steinmeier နှင့်အတူ လစ်သူယေးနီးယားနိုင်ငံ သမ္မတ Gitanas Nauseda နှင့် ကာကွယ်ရေးဝန်ကြီး Arvydas Anusauskas တို့လည်း အတူလိုက်ပါသွားခဲ့ကြောင်း သိရသည်။

လစ်သူယေးနီးယားနှင့် ဒေသတစ်ခုလုံး၏ လုံခြုံရေးအတွက် ဂျာမနီ၏ ကူညီပံ့ပိုးမှုကို ကျေးဇူးတင်ရှိကြောင်း လစ်သူယေးနီးယားသမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် Nauseda က ပြောကြားခဲ့သည်။

လစ်သူယေးနီးယားနိုင်ငံသည် နိုင်ငံ၏ ကာကွယ်ရေး မြှင့်တင်ရန်နှင့် ဘောလ်တစ်ဒေသ ဘေးအန္တရာယ်ကင်းရှင်းရေး တိုးမြှင့်ရန် ဂျာမန်တပ်ဖွဲ့ဝင်များ ပိုမိုလက်ခံရန် အဆင်သင့်ရှိကြောင်းလည်း Nauseda က ဆိုသည်။

လစ်သူယေးနီးယားနိုင်ငံအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးတွင် ဂျာမနီ၏ကူညီမှု ကို အားထားကြောင်း Nauseda က Baltic News Service သို့ ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံသည် လစ်သူယေးနီးယားနိုင်ငံ၌ ၏တပ်ဖြန့်ချထားသော NATO မှ အရှေ့ဘက်သို့ စစ်အင်အားတိုးချဲ့ခြင်းကို ဦးဆောင်လျက်ရှိပြီး မကြာသေးမီက ၎င်းတပ်ရင်းသို့ တပ်ဖွဲ့ဝင် ၃၅၀ ကို ထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………

(English Version)

German president visits Rukla military base in Lithuania

VILNIUS, March 3 (Xinhua) — During his trip to Lithuania on Thursday, German President Frank Walter Steinmeier visited the German troops stationed at the Rukla military base as part of the North Atlantic Treaty Organization-led (NATO) enhanced Forward Presence Battlegroup.

Steinmeier was accompanied by his Lithuanian counterpart Gitanas Nauseda and Defense Minister Arvydas Anusauskas.

According to a press release from the Lithuanian presidential office, Nauseda thanked Germany for its contribution to the security of Lithuania and the whole region.

He said that Lithuania was ready to host even more German troops to boost its defense and enhance the safety of the Baltic region.

Lithuania also counts on Germany’s assistance in reforming its air defense system, Nauseda told the Baltic News Service.

Germany has been leading NATO’s enhanced Forward Presence Battlegroup deployed in Lithuania and has recently added 350 troops to the battalion. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.