Connect with us

Media

ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှုက ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှု တိုးမြှင့်ကာ တစ်ကမ္ဘာလုံးကြွယ်ဝမှုများကို ဖော်ဆောင်နိုင်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဆို

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု (BRI) သည် ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှု တိုးမြှင့်ခြင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးရှိပြည်သူများအားလုံးသို့ ကြွယ်ဝချမ်းသာမှုများအား ဆောင်ကြဉ်းပေးနိုင်လာမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ရှာ မာမွတ် ကွီရာရှီ (Minister Shah Mahmood Qureshi) က ဒီဇင်ဘာ ၁၄ ရက်က ဆိုသည်။

အစ္စလာမ်မာဘတ် အခြေစိုက် ပညာရှင်များဖြင့်ဖွဲ့စည်းထားသည့် အစ္စလာမ်မာဘတ် မူဝါဒ သုတေသနသိပ္ပံ မှ ကြီးမှူးကျင်းပသည့် Margalla Dialogue 2021 အခမ်းအနားတွင် ဝန်ကြီးက ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု (BRI) ၏ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ သည် အထင်ကရစီမံကိန်းတစ်ခုဖြစ်ပြီး  စီးပွားရေးဆိုင်ရာ ပထဝီအနေအထားကိုအသုံးပြုကာ အာရှ၊ ဥရောပနှင့်အာဖရိကတိုက်တို့အား ကျယ်ပြန့်စွာချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီး ရှာ မာမွတ် ကွီရာရှီ  က ” ကျွန်တော်တို့ရဲ့ ရှေ့ဆက်သွားမယ့်နိုင်ငံခြားရေးမူဝါဒအကြောင်းနဲ့ ပထဝီဝင်စီးပွားရေးရဲ့အခန်းကဏ္ဍအကြောင်းပြောရရင် ကျွန်တော်တို့ တရုတ်နိုင်ငံအကြောင်း ပြောကိုပြောရပါလိမ့်မယ်။ ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ခိုင်မာမှုရှိပြီး ပိုမို တိုးတက်လျက်ရှိနေပါတယ်။ ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု (BRI) ရဲ့ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ ဟာ အထင်ကရစီမံကိန်းတစ်ခုဖြစ်ပြီး ပထဝီဝင်စီးပွားရေးကို မြှင့်တင်ပေးနိုင်မယ့်အပြင် အာရှ၊ ဥရောပနဲ့ အာဖရိကတိုက်ဆိုတဲ့ ကမ္ဘာ့တိုက်ကြီး ၃ တိုက်နဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံသူနိုင်ငံသားများအားလုံး ကြွယ်ဝချမ်းသာမှုကိုဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ပါကစ္စတန်၏ ပထဝီဝင်နိုင်ငံရေးမှ ပထဝီဝင်စီးပွားရေးအထိ မဟာဗျူဟာမြောက် အချက်အချာကျသော အချက်တစ်ချက်ကို မီးမောင်းထိုးပြပြီး အာရှတိုက်တောင်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက် ပိုင်းတို့ ဆုံမှတ်တွင် တည်ရှိသည့် ပါကစ္စတန်ကဲ့သို့ နိုင်ငံတစ်နိုင်ငံအား လူတိုင်းလက်လှမ်းမီကာ အလုံးစုံ ချိတ်ဆက်နိုင်တော့မည်ဟု နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။

၂၁ ရာစုနှင့် ကမ္ဘာ့ COVID-19 ရိုက်ခတ်မှုကာလအလွန်တွင် သမားရိုးကျနည်းလမ်းများကို ကျော်လွန်ရန်အလို့ငှာ သံတမန်ဆက်ဆံရေး၌ ဘက်စုံရှုမြင်နိုင်မှုကိုလိုအပ်ကြောင်း ၎င်းကဆိုသည်။

ဝန်ကြီး ရှာ မာမွတ် ကွီရာရှီ  က ” ကျွန်တော် နိဂုံးချုပ်အခိုင်အမာပြောကြားလိုတာကတော့ ၂၁ ရာစုနဲ့ ကမ္ဘာ့ COVID-19 ရိုက်ခတ်မှု အလွန်မှာ သံတမန်ရေးရာအနေနဲ့ ဘက်စုံရှုမြင်နိုင်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း သမားရိုးကျလမ်းဟောင်းကိုသွေဖည်နိုင်မှာပါ။ ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက်က ကမ္ဘာကြီး မှာ ပထဝီ စီးပွားရေးကိုအခြေခံပြီး ဆက်ဆံရေးတွေဟာပြောင်းလဲနေတာဖြစ်ပြီး နည်းပညာရရှိမှုနဲ့ အသုံးချမှု၊ ပြည်သူအချင်းချင်းချိတ်ဆက်မှု တွေကို ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ အားလုံးကို ပိုမိုလက်လှမ်းမီလာစေပြီဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)

…………………………………….

(English Version)

GLOBALink | BRI to bring prosperity for world by enhancing global integration: Pakistani FM

ISLAMABAD, Dec. 17 (Xinhua) — The China-proposed Belt and Road Initiative (BRI) will bring prosperity for people across the world through enhancing global integration, Pakistani Foreign Minister Shah Mahmood Qureshi said on Tuesday.

Addressing the Margalla Dialogue 2021 organized by the Islamabad Policy Research Institute, an Islamabad-based think tank, Qureshi said the BRI, with the China-Pakistan Economic Corridor as a flagship project, utilizes the economic geography and enhances the connectivity of Asia, Europe and Africa.

Highlighting Pakistan’s strategic pivot from geopolitics to geo-economics, the foreign minister said a country like Pakistan situated on the crossroad of South, Central and West Asia will remain accessible to all and reach out to all.

He said diplomacy needs a multi-faceted outlook to go beyond the traditional way in the 21st century and a post-COVID-19 world.

Produced by Xinhua Global Service