Connect with us

Europe

ရုရှားနိုင်ငံက တာလီဘန်အား အသိအမှတ်ပြုရန် မဆုံးဖြတ်ရသေးကြောင်း ကရင်မလင်နန်းတော်ပြော

မော်စကို၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် တာလီဘန်အစိုးရအား အသိအမှတ်ပြုရေးအပေါ် မည်သည့်ဆုံးဖြတ်ချက်မှ ချမှတ်ထားခြင်း မရှိသေးကြောင်းနှင့် အာဖဂန်နစ္စတန်နိုင်ငံ၏ အခြေအနေကို “အလွန်သတိကြီးစွာဖြင့်” စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က စက်တင်ဘာ၇ ရက်က ပြောကြားခဲ့သည်။ရုရှားနိုင်ငံအနေဖြင့် မကြာသေးခင်က တာလီဘန်တို့၏ ထုတ်ပြန်ချက် နှင့် ၎င်းတို့ လုပ်ဆောင်ချက်များအပေါ် ကတိကဝတ်ကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

တာလီဘန်က Mullah Hassan Akhund အား ယာယီဝန်ကြီးချုပ် ခန့်အပ်ခဲ့ခြင်းနှင့်အတူ အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်စောင့်အစိုးရ ဖွဲ့စည်းကြောင်း စက်တင်ဘာ ၇ ရက် ညပိုင်းက ကြေညာခဲ့သည်။

ရုရှားနိုင်ငံသည် အစိုးရသစ် တာဝန်အပ်နှင်းခြင်း အခမ်းအနားတက်ရောက်ရန် တာလီဘန်၏ ဖိတ်ကြားချက်ကို လက်ခံရရှိထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က စက်တင်ဘာ ၆ ရက်က အတည်ပြုခဲ့သည်။အစိုးရသစ်သည် အားလုံးပါဝင်မှုရှိပါက အခမ်းအနားတွင် ပါဝင်နိုင်ကြောင်း ၎င်းက ပြောခဲ့သည်။ (Xinuha)
———————————————————
(English Version)

Russia has not decided to recognize Taliban: Kremlin

MOSCOW, Sept. 7 (Xinhua) — The Kremlin on Tuesday said that Russia has not made any decisions on the recognition of the Taliban government and will “very carefully” monitor the situation in Afghanistan.

Russia will observe how the Taliban’s recent statements and promises match its actions, Kremlin spokesman Dmitry Peskov told a daily briefing.

The Taliban announced on Tuesday night the formation of Afghanistan’s caretaker government, with Mullah Hassan Akhund appointed as the acting prime minister.

Russian Foreign Minister Sergei Lavrov confirmed on Monday that Russia has received an invitation from the Taliban to attend the inauguration ceremony of the new government.

Russia can take part in the ceremony if the new government is inclusive, he said. ■
Photo : Taliban spokesman Zabihullah Mujahid (Rear) speaks during a press conference in Kabul, Afghanistan, on Sept. 7, 2021. (Photo by Saifurahman Safi/Xinhua)