Connect with us

Europe

ရုရှားနိုင်ငံ၌ အောက်စီဂျင်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားရာ COVID-19 လူနာ ၉ ဦး သေဆုံး

ရုရှားနိုင်ငံ Tver မြို့ Tver ဒေသရှိ ဆေးဝါးကုသမှုဆေးရုံ၏ COVID-19 လူနာများ ထားရှိရာအဆောင်၌ ၂၀၂၀ ပြည့်နှစ် မေလတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက PPE ဝတ်စုံ ဝတ်ဆင်၍ အလုပ်လုပ်ကိုင်နေကြစဉ်(Sputnik via Xinhua)

မော်စကို ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံရှိ ဆေးရုံတစ်ရုံ၌ ဩဂုတ် ၉ ရက်က မြေအောက်အောက်စီဂျင်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အောက်စီဂျင်ထောက်ပံ့မှု ပြတ်တောက်သွားသဖြင့် COVID-19 လူနာ ၉ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ ၏ ပြည်နယ်ခွဲတစ်ခုဖြစ်သော the Republic of North Ossetia-Alania ဒေသ၏ မြို့တော် Vladikavkaz မြို့ ရှိ ရီပတ်ဘလီကန် အရေးပေါ်ကုသရေးဆေရုံးတွင် အထူးကြပ်မတ်ကုသမှုခံယူနေရသော လူနာ ၇၁ ဦး ရှိပြီး အခင်းဖြစ်ပွားချိန်တွင် ၎င်းတို့ထဲမှ ၁၃ ဦးသည် အသက်ရှူစက်အကူအညီဖြင့် အသက်ရှုနေရကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။

အသက်ရှင်ကျန်ရစ်သော လူနာများကို ယခုအခါ အနီးကပ်စောင့်ကြည့်မှုအောက်တွင် ဆေးဝါးကုသပေးထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
9 COVID-19 patients die after oxygen pipe rupture in Russia
MOSCOW, Aug. 9 (Xinhua) — Nine COVID-19 patients died on Monday due to a disruption in oxygen supply at a Russian hospital after an underground oxygen pipe burst.
There were 71 people in intensive care at the Republican Clinical Emergency Hospital in Vladikavkaz, the capital city of the Republic of North Ossetia-Alania, at the time of the incident, with 13 of them on ventilators, local media reported.
Patients that have survived are currently under medical supervision.
An investigation into the incident is underway. Enditem
Photo – Medical workers wearing personal protective equipment (PPE) work in the ward of COVID-19 patients at the Tver Regional Clinical Hospital, in Tver, Russia, May 30, 2020. Russia confirmed 8,952 new COVID-19 cases in the last 24 hours, raising its total number of infections to 396,575, its coronavirus response center said in a statement Saturday. (Sputnik via Xinhua)