Connect with us

Europe

ရုရှားပါလီမန်ရွေးကောက်ပွဲများအတွင်း ဆိုက်ဘာတိုက်ခိုက်မှု၏ ထက်ဝက်မှာ အမေရိကန်နိုင်ငံမှ ပြုလုပ်ခြင်းဖြစ်ဟု ရုရှားသံရုံးပြော

မော်စကို ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်အား ဆိုက်ဘာတိုက်ခိုက်မှု ၅၀ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံ ပိုင်နက်နယ်မြေအတွင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ ရုရှားသံရုံးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။“ဒီတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲစနစ်ကို မယုံမကြည်ဖြစ်စေဖို့ ဖြစ်ပါတယ်”ဟု ရုရှားသံရုံး၏ Facebook ပို့စ်တွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံထံမှ ဖြေရှင်းချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

ရုရှားနိုင်ငံတွင် ပါလီမန်ရွေးကောက်ပွဲများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် သတင်းကြေညာချက်တစ်ခုအပေါ် သံရုံး Facebook ပို့စ်တွင် တုံ့ပြန်မှတ်ချက်ပြုထားသည်။
မဲပေးမှုကို ပြည်တွင်း ဥပဒေ နှင့် နိုင်ငံတကာဥပဒေစံနှုန်းများနှင့်အညီ အပြည့်အဝလေးစားလိုက်နာကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် အမေရိကန်နိုင်ငံ၏ စွပ်စွဲပြောဆိုချက်သည် အခြေအမြစ်မရှိကြောင်း ရုရှားသံရုံးက ဆိုသည်။ (Xinhua)

——————————————
(English Version)

Half of cyberattacks during Russian parliamentary elections come from U.S.: Russian embassy

MOSCOW, Sept. 21 (Xinhua) — The Russian Embassy in Washington said Tuesday that 50 percent of the cyberattacks against the Russian Central Election Commission were conducted from the territory of the United States.

“The purpose of these hacks is to discredit our electoral system,” the embassy said in a Facebook post, adding that Russia is still waiting for an explanation from the United States.
The embassy in the post also commented on a recent press statement issued by the U.S. Department of State with regard to the parliamentary elections in Russia.

The voting took place in full compliance with domestic legislation and the norms of international law, the embassy said, calling any U.S. accusation that claims otherwise groundless. ■
Photo – A man casts his vote into the ballot box during the elections of the State Duma of Russia, in Moscow, Russia, Sept. 19, 2021. (Xinhua/Evgeny Sinitsyn)