Connect with us

Europe

ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့အား အမေရိကန် ၊ ဗြိတိန်နိုင်ငံတို့မှ ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ကြောင်း ရုရှားပြောကြား

ကွန်ပြူတာ ဆိုက်ဘာတိုက်ခိုက်မှု(hack) သရုပ်ပြပုံတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

အမေရိကန် နှင့် ဗြိတိန်နိုင်ငံတို့သည် ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုဒ်ကို ပစ်မှတ်ထား၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံက စွပ်စွဲပြောကြားလိုက်သည်။” ဝက်ဘ်ဆိုဒ်ပေါ်က သတင်းအချက်အလက်တွေကို ပြောင်းလဲပစ်ဖို့ ဒါမှမဟုတ် အစားထိုးဖို့ ကြိုးစားနေတာတွေ ၊ ဝက်ဘ်ဆိုဒ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာတွေ ၊ လုပ်ဆောင်ချက်ကို ကန့်သတ်တာတွေနဲ့ အစရှိတာတွေကို ကျွန်မတို့ အဆက်မပြတ် ကြုံတွေ့နေရပါတယ်။”ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Ella Pamfilova က ဇွန် ၂၂ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“ကံကောင်းထောက်မလို့ ကျွန်မတို့မှာ ခိုင်မာအားကောင်းတဲ့ လုံခြုံရေး စနစ် ရှိပြီးတော့ ဒီတိုက်ခိုက်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ပါတယ် ။ဒါပေမယ့် ဒီလိုမျိုးကြိုးစားမှုတွေက ဆက်ပြီးတော့ ဖြစ်နေပါတယ်။”ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ဒူးမားလွှတ်တော် (Duma) သို့မဟုတ် အောက်လွှတ်တော်အတွက် ရွေးကောက်ပွဲများကို စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————————
(English Version)

Russia says election authority under cyberattacks from U.S., Britain

MOSCOW, June 22 (Xinhua) — Russia has accused the United States and Britain of targeting the website of the country’s election commission through cyberattacks.

“We are constantly faced with attempts to change or replace information on the website, attempts to take control of it, restrict its operation and so on,” Central Election Commission Chairwoman Ella Pamfilova told reporters on Tuesday.

“Thankfully, we have a strong security system and we are able to cope with these attacks, but such attempts are ongoing,” she added.Russia will hold elections for deputies of the State Duma, or the lower house of parliament, on Sept. 19. Enditem