Connect with us

Asia

လာအိုနယ်စပ်ပြန်ဖွင့်မည့်ရက်ကို မသတ်မှတ်ရသေး

ဗီယင်ကျန်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံသည် ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားခရီးသွားများအား ပြန်လည်လက်ခံမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။လက်ရှိဦးစားပေးမှာ ၂၀၂၁ခုနှစ်၊ နှစ်ကုန်တွင် လာအိုလူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား COVID-19 ကာကွယ်ဆေးထိုးနှံပေးရန်ဖြစ်ကြောင်း ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး Ounthuang Khaophan ၏ ပြောကြားချက်ကို ကိုးကား၍ နေ့စဉ်ထုတ် ဗီယင်ကျန်းတိုင်းမ် သတင်းစာက အောက်တိုဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

“ကာကွယ်ဆေးထိုးခြင်းက လက်ရှိကျွန်တော်တို့နိုင်ငံအတွက် အရေးအကြီးဆုံးအလုပ်ဖြစ်ပါတယ်’’ ဟု Ounthuang က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
“တကယ်လို့ကျွန်တော်တို့ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနိုင်ပေးပြီး COVID-19 ရောဂါဖြစ်ပွားမှု လျော့နည်းသွားမယ်ဆိုရင် လာမယ့်လတွေမှာ COVID-19 အန္တရာယ်နည်းပါးတဲ့ နိုင်ငံတွေဆီက ကာကွယ်ဆေးထိုးထားပြီးတဲ့ ခရီးသွားဧည့်သည်တွေအတွက် နယ်စပ်တွေကို ပြန်ပြီးဖွင့်လှစ်ပေးမှာပါ’’ ဟုဆိုသည်။

အောက်တိုဘာ ၂၅ ရက်အထိ လာအိုလူဦးရေ၏ ၄၃.၆၆ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး ၁ကြိမ် ထိုးနှံပြီးဖြစ်ပြီး၊ ၃၇.၄၇ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၇၃၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လာအိုနိုင်ငံ၌ အောက်တိုဘာ ၂၇ ရက်အထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၃၇,၇၅၁ ဦးနှင့် သေဆုံးသူ ၅၈ ဦးရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

————————————————
(English Version)
Laos yet to set date for border reopening: media

VIENTIANE, Oct. 27 (Xinhua) — Laos has yet to set a date to welcome the return of vaccinated foreign tourists, local media reported.
The priority at present is to vaccinate at least 50 percent of the population against COVID-19 by the end of 2021, local daily Vientiane Times reported on Wednesday, quoting Deputy Minister of Information, Culture and Tourism, Ounthuang Khaophan, as saying.

“Vaccination is the most important thing for our country at present,” Ounthuang said on Monday.
“If we can vaccinate more than 50 percent of the population and the COVID-19 outbreak subsides, in the coming months we can reopen our borders to vaccinated tourists from countries with a low COVID-19 risk.”

As of Monday, 43.66 percent of the Lao population had received one dose of a COVID-19 vaccine, while 37.47 percent had been fully vaccinated.
The Lao Ministry of Health on Wednesday reported 733 new cases of COVID-19. As of Wednesday, the total number of COVID-19 cases in Laos reached 37,751 with 58 deaths. Enditem