Connect with us

Media

လူပေါင်း ၄၇ ဦးသေဆုံးခဲ့သည့် အာဖဂန်ဗလီဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ဆို

ကဘူးလ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ပြီးခဲ့သည့်သောကြာနေ့တွင် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၏ မြို့တော် ကန်ဒါဟာ ရှိ ဗလီတစ်ခု အတွင်းအသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူဦးရေမှာ ၄၇ ဦးအထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူဦးရေ မှာ ၉၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့သည်။
ဒေသတွင်းအစိုးရ ယဉ်ကျေးမှုနှင့် သတင်းအချက်အလက်ညွှန်ကြားမှုဦးစီးဌာနမှ Haifz Sayyed က ဆင်ဟွာကိုပြောကြားရာတွင် ပေါက်ကွဲမှုများသည် Shiite မွတ်စလင်ဗလီ အဆောက်အဦအတွင်း၌ သောကြာနေ့ က ဝတ်ပြုဆုတောင်းသူ ရာနှင့်ချီ ဝတ်ပြုဆုတောင်းနေသည့် နေ့လည်ပိုင်းအချိန် ၌ ဖြစ်ပွားခဲ့ကြောင်းဆိုသည်။
အစောပိုင်းသတင်းပေးပို့ချက်များအရသေဆုံးသူဦးရေ ၃၂ ဦးရှိပြီး ဒဏ်ရာရရှိသူဦးရေမှာ၆၈ ဦးရှိကြောင်းသိရသည်။
အစ္စလာမ်မစ်စစ်သွေးကြွ IS အဖွဲ့က အဆိုပါတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်ဟု သတင်းများက ဆိုသည်။
အဆိုပါထုတ်ပြန်ချက်၌ သေဆုံးသူများထဲတွင် အသေခံဗုံးခွဲတိုက်ခိုက်ရေးသမားနှစ်ဦးလည်းပါဝင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။ (Xinhua)

————————————
(English Version)
(English Version)
GLOBALink | IS group claims mosque explosions in Afghanistan as death toll soars to 47
The death toll from Friday’s suicide explosions inside a mosque in Kandahar city, capital of Afghanistan’s southern Kandahar province, has risen to 47, while 90 others were wounded, a local official confirmed on Saturday.
Haifz Sayyed from the Cultural and Information Directorate of local government told Xinhua that the explosions occurred inside a Shiite Muslim mosque building at midday when hundreds of worshippers were offering Friday prayers.
Islamic State (IS) has claimed responsibility for the attacks, according to a statement from the group cited in multiple reports.
The IS statement said two assailants were involved in the deadly attacks.

Produced by Xinhua Global Service