Connect with us

Asia

လေထုညစ်ညမ်းမှုကြောင့် နယူးဒေလီမြို့ရှိ စာသင်ကျောင်းများ ၊ အစိုးရရုံးများ အချိန်တစ်ပတ်ကြာ ပိတ်မည်

နယူးဒေလီ ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

လတ်တလော လေထုညစ်ညမ်းမှု “ဆိုးရွားသည့်”အဆင့်ကြောင့် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့ရှိ စာသင်ကျောင်းများအားလုံးကို ရက်သတ္တပတ် တစ်ပတ်ကြာ ပိတ်ထားမည် ဖြစ်ကြောင်း ဒေလီမြို့ ဝန်ကြီးချုပ် Arvind Kejriwal က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့၌ လေထုညစ်ညမ်းမှုအား ထိန်းချုပ်ရန် မြူနီစပယ်အလုပ်သမားများ ရေများ လိုက်လံပက်ဖျန်းနေသည်ကို နိုဝင်ဘာ ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၁၅ ရက်မှစ၍ စာသင်ကျောင်းများ ပိတ်ထားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က အဆင့်မြင့်အရာရှိများနှင့် အရေးပေါ်အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။အစိုးရအရာရှိများသည် အချိန်တစ်ပတ်ကြာ နေအိမ်မှ အလုပ်လုပ်ကိုင်ရမည် ဖြစ်ကြောင်း နှင့် ပုဂ္ဂလိကရုံးများကိုလည်း လိုက်နာရန် အကြံပြုထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ၎င်းတို့အစိုးရအဖွဲ့သည် နယူးဒေလီမြို့၌ လော့ခ်ဒေါင်း (lockdown) ပြုလုပ်ရန် အဆိုပြုချက်အား လုပ်ဆောင်နေကြောင်း ၊ ယင်းအစီအစဉ်ကို တရားရုံးချုပ်သို့ တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။
မြို့တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများအား နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ တားမြစ်ပိတ်ပင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

နယူးဒေလီမြို့ရှိ လေထုညစ်ညမ်းမှုအဆင့်မြင့်တက်လာခြင်းသည် အနီးအနား ပြည်နယ်များတွင် အမှိုက်မီးရှို့မှုများကြောင့် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဗဟိုပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့(CPCB)က နယူးဒေလီမြို့ရှိ အစိုးရ နှင့် ပုဂ္ဂလိကရုံးများအနေဖြင့် ၎င်းတို့၏ မော်တော်ယာဉ်အသုံးပြုမှုကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း လျှော့ချရန် နိုဝင်ဘာ ၁၂ ရက်တွင် အကြံပြုခဲ့သည်။CPCB က ပြည်သူများအား ၎င်းတို့၏ ပြင်ပလှုပ်ရှားမှုများအား ကန့်သတ်ရန် နှင့် မြို့တွင်း လေထုနှင့် ထိတွေ့မှုကို လျှော့ချရန် အကြံပြုတိုက်တွန်းချက်အား ထုတ်ပြန်ခဲ့သည်။
နယူးဒေလီမြို့သည် နိုဝင်ဘာ ၁၂ ရက်တွင် ၂၄ နာရီအတွင်း ပျမ်းမျှ အညွှန်းကိန်း ၄၇၁ နှင့်အတူ ယခုနှစ်ရာသီတွင် ယင်းအညွှန်းကိန်းသည် အဆိုးရွားဆုံး လေထုအရည်အသွေးအညွှန်းကိန်း(AQI) အဖြစ် စံချိန်တင်ခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။

နယူးဒေလီမြို့၏ လေထုအရည်အသွေးအညွှန်းကိန်း(AQI)သည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် အညွှန်းကိန်း ၄၇၃ ရှိနေခြင်းနှင့်အတူ ဆိုးရွားသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Schools, gov’t offices shut for week in New Delhi due to air pollution
NEW DELHI, Nov. 15 (Xinhua) — All schools will be shut in the Indian capital New Delhi for a week in the wake of current “Severe” levels of air pollution, Delhi Chief Minister Arvind Kejriwal said on Saturday.
The schools will remain closed with effect from Monday, he told reporters following an emergency meeting with top officials, adding that government officials will be working from home for a week, and private offices were also advised to follow suit.
The chief minister said his government was working on a proposal for lockdown in New Delhi. “(I) Will present the plan to the Supreme Court,” Kejriwal said.
Construction activities will be prohibited in the capital city on Nov. 14-17, the chief minister said.
According to him, the pollution level was rising in New Delhi “due to stubble burning in neighboring states” and called upon all stakeholders to work together to combat it.
The Central Pollution Control Board (CPCB) on Friday advised government and private offices in New Delhi to cut down their vehicular usage by at least 30 percent. The CPCB issued an advisory urging people to limit their outdoor activities and minimize their exposure to the air in the city.
New Delhi recorded its worst air quality index (AQI) level this season on Friday with a 24-hour average of 471, according to media reports.
The AQI in the capital remained in the “Severe” category on Saturday morning, with the AQI being recorded at 473.■
Photo 1 – Vehicles and people move on a street in smog as air quality worsens in the Indian capital of New Delhi, Nov. 9, 2021. (Xinhua/Partha Sarkar)
Photo 2 – Municipal Corporation of Delhi workers sprinkle water to curb pollution in New Delhi on November 6, 2021 due to air quality worsening after Diwali night for firecrackers bursting and fog. (Xinhua/Partha Sarkar)