Connect with us

Social, Education & Health

ဝူဟန့်တက္ကသိုလ်သို့ အမည်မဖော်လိုသူ ကျောင်းသားဟောင်းတစ်ဦးက ဒေါ်လာ၁၂.၃ သန်းလှူဒါန်း

ဝူဟန့် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည့် ဝူဟန့်တက္ကသိုလ်သည် အမည်မဖော်လိုသူ ကျောင်းသားဟောင်းတစ်ဦးထံမှ တရုတ်ငွေ ယွမ် ၇၈ သန်း (အမေရိကန်ဒေါ်လာ ၁၂.၃ သန်း) ကို ဇန်နဝါရီ ၁၈ ရက်တွင် လက်ခံရှိခဲ့ကြောင်း တက္ကသိုလ်သတင်းအရင်းအမြစ်များအရ သိရသည်။အဆိုပါ အလှူရှင်သည် ဝူဟန့်တက္ကသိုလ်၏ Life Sciences ကောလိပ်မှ မျိုးဗီဇဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူတစ်ဦးဖြစ်သည်။ ယခုနှစ်သည် ကောလိပ်ထူထောင်ခြင်း နှစ် ၁၀၀ ပြည့်အခါသမယဖြစ်ကြောင်း သိရသည်။

ယင်းကျောင်းသားဟောင်းသည် ငယ်စဉ်က ပညာရည်နို့သောက်စို့ခဲ့ရာ ဝူဟန့်တက္ကသိုလ်ကြီးကို ကျေးဇူးဆပ်သည့်အနေဖြင့် ထိုသို့ လှူဒါန်းမှုပြုလုပ်ခြင်းဖြစ်ကြောင်း နှင့် ၎င်းအားကျလေးစားခဲ့ရသော ယင်းတက္ကသိုလ်၏ ပါမောက္ခ Yu Xianjue ကွယ်လွန်သွားပြီးနောက် မတည်လှူဒါန်းငွေဖြင့် ထူထောင်ထားသည့် ပညာရေးရံပုံငွေအဖွဲ့ထံသို့ အလှူငွေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ယင်းကောလိပ်ဌာနမှူး Song Baoliang က ပြောကြားခဲ့သည်။

အဆိုပါ ကျောင်းသားဟောင်းသည် ၎င်းလုပ်ကိုင်ဆောင်ရွက်နေသည့် သိပ္ပံ နှင့် နည်းပညာ ဆိုင်ရာ အောင်မြင်မှုများမှတဆင့် ရရှိခဲ့သော ဝင်ငွေများကို အလှူငွေအဖြစ် ထည့်ဝင်လှူဒါန်းခြင်းဖြစ်သည်။

ပါမောက္ခ Yu Xianjue သည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား သိပ္ပံအင်စတီကျူ့မှ ဒေါက်တာဘွဲ့(Ph.D) ရရှိခဲ့သူဖြစ်သည်။ ၎င်းသည် ၁၉၄၉ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ပြန်လာပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ထူထောင်ချိန်တွင် ၎င်းတက်ကျွမ်းခဲ့သော ပညာရပ်များကို နိုင်ငံတည်ဆောက်ရေးတွင် အသုံးချရန် ဆုံးဖြတ်ကာ နိုင်ငံ၏ ပညာရေးကဏ္ဍ၌ တစ်စိုက်မတ်မတ် ဝင်ရောက်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။

ယခုလက်ခံရရှိသော အလှူငွေသစ်ကို အလှူရှင်၏ ဆန္ဒများအတိုင်း ဝူဟန်တက္ကသိုလ်၏ Life Sciences ကောလိပ် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ထောက်ပံ့ရန် အသုံးပြုခြင်း နှင့် ကျောင်းတက်ရန် လိုအပ်ချက် အခက်အခဲရှိနေသော ဝူဟန့်တက္ကသိုလ်ဘွဲ့ကြိုကျောင်းသားများအတွက် အခမဲ့ပညာသင်ကြားနိုင်ရန် စီမံပံ့ပိုးပေးခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

……………………………………..

(English Version)

Wuhan University receives 12.3 –mlm- USD donation from anonymous alumnus

WUHAN, Jan. 18 (Xinhua) — Wuhan University in central China received a donation of 78 million yuan (about 12.3 million U.S. dollars) from an anonymous alumnus on Tuesday, according to sources from the university.

The donor is a genetics graduate from Wuhan University’s College of Life Sciences. This year marks the 100th anniversary of the establishment of the college.

The alumnus expressed gratitude to Wuhan University and named the education fund established with the donation after the late professor Yu Xianjue, who had a profound influence on the donor, college Dean Song Baoliang said. The alumnus donated earnings gained from the scientific and technological achievements.

Yu was a Ph.D. graduate of the California Institute of Technology. He returned to China in October 1949, when the People’s Republic of China was founded, to devote himself to the country’s education cause.

The new education fund will be used to support the development of Wuhan University’s College of Life Sciences and provide tuition fees for Wuhan University undergraduates in need, per the donor’s wishes.

Photo – Aerial photo taken on March 13, 2021 shows medical workers taking part in a free exclusive tour offered by Wuhan University, central China’s Hubei Province.