Connect with us

Politics, Law & Military

သမ္မတရှီက ဂျာမနီဝန်ကြီးချုပ်မာကဲလ် နှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ဆွေးနွေး

ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၃ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်စလုံးက မကြာသေးမီနှစ်များအတွင်း တရုတ်-ဂျာမနီ ဆက်ဆံရေးတိုးတက်မှု နှင့် တရုတ်-အီးယူ(EU) ဆက်ဆံရေးတိုးတက်မှုအပိုင်းကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး ၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့်သက်ဆိုင်သော အရေးကိစ္စရပ်များကို နက်နက်ရှိုင်းရှိုင်းအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသမ္မတရှီက “ ယခုဆွေးနွေးမှုဟာ လွန်ခဲ့တဲ့နှစ်တွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ရုံမျှသာမက ၁၆ နှစ်တာကာလအတွင်း တရုတ်-ဂျာမနီဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် ချောမွေ့မှုအား ထိန်းသိမ်းရာမှာအရေးကြီးတဲ့အတွေ့အကြုံကောင်းကိုလည်း ထင်ဟပ်စေပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင်ရှီက “ အီးယူအနေနဲ့ လွတ်လပ်မှု ၊ သူ့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကို အမှန်တကယ်ကာကွယ်မှု နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် စည်းလုံးညီညွတ်မှုတို့ကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ် ။ပြီးတော့ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့သက်ဆိုင်တဲ့ အရေးကိစ္စရပ်တွေမှာ တရုတ်နိုင်ငံနဲ့အတူ အီးယူဟာ အခြားသော နိုင်ငံတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်” ဟုရှီက ဆိုသည်။

ဆွေးနွေးပွဲတွင်ဂျာမနီနိုင်ငံဝန်ကြီးချုပ်မာကဲလ်က “ အီးယူ-တရုတ်ဆက်ဆံရေးဟာ ရှုပ်ထွေးတဲ့ ကိစ္စရပ်အမျိုးမျိုးကို ကောင်းစွာကျော်လွှားနိုင်ပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမယ်လို့ ကျွန်မယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။(Xinhua)

—————————————————-
(English Version)
Xi meets Merkel via video link

BEIJING, Oct. 13 (Xinhua) — Chinese President Xi Jinping on Wednesday met with German Chancellor Angela Merkel via video link. The two sides reviewed the development of China-German and China-EU relations in recent years and had an in-depth exchange of views over relevant issues in a friendly atmosphere.

“This saying is not only a good illustration of our in-depth exchanges over the years, but also reflects the important experience in maintaining the smooth and sound development of China-German relations over the past 16 years,” Xi added.

The two sides reviewed the development of China-German and China-EU relations in recent years and had an in-depth exchange of views over relevant issues in a friendly atmosphere.
“It is hoped that the EU can insist on independence, truly safeguard its own interests and the unity of the international community, and work together with China and other countries to resolve the issues of peace and development,” Xi said.

On her side Merkel said “I believe that EU-China relations can overcome various complicated issues and continue to develop”.