Connect with us

Politics, Law & Military

သမ္မတရှီက BRICS လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုအတွက် အဆိုပြုချက် ၅ ရပ်တင်သွင်း

ပေကျင်း ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်သော ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို ဗီဒီယိုလင့်မှတစ်ဆင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး BRICS လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုအတွက် အဆိုပြုချက် ၅ ရပ်ကို တင်သွင်းခဲ့ကြောင်း သိရသည်။လက်ရှိအခြေအနေများအောက်တွင် BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးကြီးသည်မှာ ခိုင်မာသည့်ဆုံးဖြတ်ချက်ချမှတ်ရန် ၊ စည်းလုံးညီညွတ်မှုမြှင့်တင်ရန် နှင့် ရှေ့ဆက်၍ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုအတွက် အရည်အသွေးပိုမိုမြှင့်တင်ရန် ပင်ဖြစ်ကြောင်း ရှီက ဆိုသည်။

ထို့ပြင် ယင်းအစည်းအဝေးတွင် တရုတ်သမ္မတရှီကျင့်ဖိန်က အောက်ပါ အဆိုပြုချက် ၅ ရပ်ကိုလည်း တင်သွင်းဆွေးနွေးခဲ့သည်။
 စည်းလုံးညီညွတ်မှုစိတ်ဓာတ်ဖြင့် ပြည်သူ့ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်၊
 အားလုံး ညီတူညီမျှ ရရှိခံစားစေမည့် စိတ်ဓာတ်ဖြင့် ကာကွယ်ဆေးအပေါ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် ၊
 နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် စိတ်ဓာတ်ဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်၊
 ညီမျှမှု နှင့် တရားမျှတမှုစိတ်ဓာတ်ဖြင့် နိုင်ငံရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် ၊
 နှစ်ဖက်အပြန်အလှန် လေ့လာသင်ယူမှု စိတ်ဓာတ်ဖြင့် ပြည်သူအချင်းချင်းကြား အပြန်အလှန်ဖလှယ်မှု တွန်းအားပေးရန် တို့ဖြစ်သည်။(Xinhua)
————————————————-
(English Version)

Xi makes 5 proposals for BRICS practical cooperation

BEIJING, Sept. 9 (Xinhua) — Chinese President Xi Jinping Thursday made five proposals for BRICS practical cooperation as he addressed the 13th BRICS summit via video link.
Under the current circumstances, it is important for BRICS countries to stay resolved, strengthen unity and further enhance the quality of practical cooperation, Xi said, before putting forth the following five proposals:

— Strengthen public health cooperation in the spirit of solidarity;
— Strengthen international cooperation on vaccines in the spirit of equitable access for all;
— Strengthen economic cooperation in the spirit of mutual benefit;

— Strengthen political and security cooperation in the spirit of fairness and justice;
— Strengthen people-to-people exchanges in the spirit of mutual learning.
Chinese President Xi Jinping attends the 13th BRICS summit via video link in Beijing, capital of China, Sept. 9, 2021.