Connect with us

North America

ဟေတီနိုင်ငံသမ္မတမော်စီအား လုပ်ကြံသတ်ဖြတ်သူများဟု သံသယရှိသည့် သေနတ်သမားများကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ဟေတီနိုင်ငံရှိ သမ္မတ မော်စီ၏ အိမ်တော်ရှေ့တွင် ဇူလိုင် ၇ ရက်က လုံခြုံရေး တာဝန်ယူပေးထားသော စစ်သားတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

ဟေတီနိုင်ငံသမ္မတ ဂျိုဗီနယ်မော်စီ (Jovenel Moise) အား ဇူလိုင် ၇ ရက် အစောပိုင်းတွင် ၎င်း၏ အိမ်တော်၌ လုပ်ကြံသတ်ဖြတ်ခဲ့သူများဟု သံသယရှိသည့် သေနတ်သမားများကို ဟေတီနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ကာရေဗီယံကျွန်းစုနိုင်ငံဖြစ်သည့် ဟေတီနိုင်ငံအစိုးရ တရားဝင်ထုတ်ပြန်မှုကို ကိုးကား၍ ဟေတီသတင်းမီဒီယာက ဖော်ပြခဲ့သည်။“သမ္မတမော်စီကို လုပ်ကြံတဲ့သူတွေကို Pelerin ရပ်ကွက်မှာ ရဲတပ်ဖွဲ့က ညနေ ၆ နာရီမထိုးမီ ဖမ်းဆီးရမိခဲ့ပါတယ်။” ဆက်သွယ်ရေးဝန်ကြီး Frantz Exantus က တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

သမ္မတမော်စီ အိမ်တော် တည်ရှိရာ Pelerin လူကုံထံရပ်ကွက်အတွင်း ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက် အသေးစိတ်ကို တာဝန်ရှိသူများက မကြာမီထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။Pelerin ရပ်ကွက်၌ နေထိုင်သူများက မွန်းလွဲပိုင်းတွင် သေနတ်ပစ်သံအများအပြားကို ကြားခဲ့ရသည်ဟု ဆိုသည်။

သမ္မတမော်စီသည် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း လက်နက်ကိုင် ကွန်မန်ဒိုအဖွဲ့တစ်ခု၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ ၎င်း၏ ဇနီးဖြစ်သူ သမ္မတကတော် မာတင်မော်စီမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရိုင်ဖယ်သေနတ်များကိုင်ဆောင်ထားသော အမျိုးသားများသည် အင်္ဂလိပ် နှင့် စပိန်စကားပြော ကြသူများဖြစ်ကြောင်း ဟေတီအာဏာပိုင်များက ထုတ်ဖော်ပြောကြားထားသည်။
(Xinhua)

—————————————————-
(English Verion)

Haitian police arrest gunmen suspected of killing President Moise: gov’t official

MEXICO CITY, July 7 (Xinhua) — Haiti’s National Police on Wednesday apprehended the gunmen suspected of killing Haitian President Jovenel Moise earlier in the day at his residence, said reports from the Caribbean island country, citing a Haitian government official.

“The alleged assassins of President Moise were intercepted by the Police in Pelerin shortly before 6 p.m.,” Secretary of Communication Frantz Exantus said on Twitter.
Officials would shortly release more details of the police operation in Pelerin, the upscale district where Moise’s residence is located, said Exantus.
Residents in Pelerin reported hearing heavy gunfire in the afternoon.

Moise was shot dead in the early hours of the morning by a commando of armed men during an attack, in which his wife, Martine Moise, was wounded.
The men, armed with rifles, allegedly spoke English and Spanish, according to Haitian authorities. Enditem

Photo – A soldier stands guard in front of Haitian President Jovenel Moise’s home in Port-au-Prince, Haiti, on July 7, 2021. Haitian President Jovenel Moise was shot dead at his home, Interim Prime Minister Claude Joseph said in a statement early on Wednesday. (Photo by Tcharly Coutin/Xinhua)
———————————————–