Connect with us

North America

ဟောလိုဝင်းအားလပ်ရက်အတွင်း ဟူစတန်မြို့၌ လူ ၇ ဦးထက်မနည်း ပစ်သတ်ခံရပြီး ၁၇ ဦး ဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်၌ အောက်တိုဘာ ၃၀ ရက်တွင် ပြုလုပ်ခဲ့သော Dia de los Muertos စီတန်းလှည့်လည်မှုအတွင်း ပွဲတော်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးနှစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟူစတန်မြို့အနှံ့ ပစ်ခတ်မှု တစ်ဒါဇင်ကျော် သီးခြားစီ ဖြစ်ပေါ်ခဲ့သည့် ဟောလိုဝင်းအားလပ်ရက်အတွင်း လူ ၇ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုဝင်ဘာ ၁ ရက်တွင် ဒေသတွင်း ABC13 မီဒီယာ၏ ထုတ်လွှင့်မှုတစ်ခုအရ သိရသည်။

အောက်တိုဘာ ၂၉ ရက်ညပိုင်းတွင် ဟူစတန်မြို့အနှံ့ သီးခြားစီ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများအတွင်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း နှင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး အပါအဝင် ၅ ဦးထက်မနည်းမှာ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်လွှင့်မှုတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၃၀ ရက် နံနက်အစောပိုင်းတွင် Harris ကောင်တီအနောက်မြောက်ပိုင်းရှိ ပါတီခန်းမတစ်ခုအနီး အမျိုးသမီးငယ်တစ်ဦး အပစ်ခံရကြောင်း နှင့် ဟူစတန်မြို့အနောက်တောင်ပိုင်း၌ လုယက်မှုတစ်ခုအတွင်း အမျိုးသားတစ်ဦး အပစ်ခံရကြောင်း ဒေသတွင်း ABC13 မီဒီယာက ဖော်ပြထားသည်။

အောက်တိုဘာ ၃၀ ရက်နှောင်းပိုင်းတွင် အာဏာပိုင်များက ပြောကြားရာတွင် ဟူစတန်မြို့ အနောက်တောင်ပိုင်းရှိ အမျိုးသမီးတစ်ဦးသည် ၎င်း၏ မိခင်အား ပစ်သတ်ပြီး ဖခင်ဖြစ်သူမှာလည်း ဒဏ်ရာရရှိသွားပြီးနောက် ယင်းအမျိုးသမီးသည် ရဲစခန်းအတွင်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၁ ရက် ညသန်းခေါင်ကျော်တွင် ဟူစတန်မြို့ အရှေ့တောင်ပိုင်းရှိ လူနေအိမ်တစ်လုံး၏ အပြင်ဘက်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး ဆယ်ကျော်သက်လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။သေနတ်သမားမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

အော်တိုဘာ ၃၁ ရက်တွင် ဟူစတန်မြို့အနှံ့ပစ်ခတ်မှု သုံးခုထက်မနည်း ဖြစ်ပွားခဲ့ပြီး လမ်းပေါ်တွင် ခိုက်ရန်ဖြစ်ပွားကာ ပစ်ခတ်မှုတစ်ခုအတွင်း တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး နှင့်၎င်း၏ ဖခင်ဖြစ်သူအပါအဝင် အခြားသူ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်လွှင့်မှုတွင် ဖော်ပြထားသည်။ (Xinhua)

————————————
(English Version)
At least 7 shot dead, 17 injured in Houston area over Halloween weekend
HOUSTON, Nov. 1 (Xinhua) — At least seven people were killed and 17 others injured in more than a dozen separate shootings across the Houston area during the violent Halloween weekend, according to a report from local media outlet ABC13 on Monday.
On Friday night, a woman was shot dead and at least five people, including a 17-year-old, were injured in separate shootings across the Houston area, said the report.
Early Saturday morning, a female juvenile was shot near a party hall in northwest Harris County and a man was shot during a robbery in southwest Houston, the report said.
Authorities said later in the day, a woman in southwest Houston turned herself into law enforcement after shooting her mother dead and her father injured.
Just after midnight Sunday, a man was shot dead and a teen injured outside a home in southeast Houston. The shooter remains at large.
Throughout Sunday, there were at least three more separate shootings across the largest city in Texas, leaving two people killed and at least six others injured, including a father and his one-year-old child in a road rage shooting, according to the report. Enditem
Photo – Two girls in festival costumes are seen during the Dia de los Muertos parade in Dallas, Texas, the United States, Oct. 30, 2021. Dia de los Muertos, known as Day of the Dead, is a well-known traditional Mexican holiday to commemorate deceased loved ones. (Photo by Dan Tian/Xinhua)